မြန်မာလူမျိုး အများစု အနေနဲ့ကတော့ ရှေးလူကြီးတွေရဲ့ သတ်မှတ်အဆို အရရော၊ ကိုယ်တိုင် အယူအဆရော များစွာ ရှိတတ်ကြပါတယ်။ အိပ်စက်ခြင်းနဲ့ ပတ်သက်ရင်တော့ အိပ်ရာဝင်ချိန်မှာ အရှေ့အရပ် (သို့မဟုတ်) တောင်အရပ်တို့ကို ဦးခေါင်းပြုပြီး အိပ်စက်ရမယ် ဆိုတာပါပဲ။ တစ်ချို့ကျတော့လည်း ဘုရားစင်ရှိလို့ အိမ်ဦးခန်း ဘက် မို့လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ အဆိုပါ အရပ်တွေကို ခေါင်းထားပြီး အိပ်တတ်ကြပါတယ်။ 

အရှေ့အရပ် (သို့မဟုတ်) တောင်အရပ်တွေကို ခေါင်းပြုအိပ်စက်ခြင်းက ကောင်းကောင်း အိပ်ပျော်စေတယ်။ အိပ်ပျော်နေရင်းနဲ့လည်း အစာကြေစေပါတယ်။ မလိုအပ်တဲ့ အပုပ်၊ လေ၊ ၀မ်းတို့ကို ညင်ညင်သာသာဖြင့် အောက်ကို ဆင်းစေတယ်။ မနက်အိပ်ရာထချိန် မှာလည်း ကောင်းကောင်းနိုးထစေနိုင်တယ်လို့ ယူဆကြပါတယ်။ အဆိုပါ အရပ်များနဲ့ ဆန့်ကျင်ဘက် မြောက်အရပ်ကို ခေါင်းပြုအိပ်မယ် ဆိုရင်တော့ ဘယ်လို အကျိုးဆက်တွေ ရနိုင်မလဲ ဆိုတာကိုလည်း တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။

မြောက်အရပ်နှင့် အနောက်အရပ်တို့ကို ဦးခေါင်းပြုအိပ်လျှင် မသင့်တော်ပါ။ ဒီလို အိပ်စက်သူများအဖို့ ကောင်းမွန်စွာ အိပ်မပျော်နိုင်ခြင်း၊ လေပွခြင်း၊ ဟောက်ခြင်း၊ အသက်ရှုမဝခြင်း၊ လန့်နိုးခြင်း၊ မကောင်းတဲ့လေတို့ကို အထက်သုုိ့ ဆန်တက်ခြင်း၊ အိမ်မက်ဆိုး မြင်မက်ခြင်း၊ အစာမကြေဖြစ်ခြင်း၊ ဒူလာလိပ်ခေါင်းဖြစ်ခြင်း စတာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မြောက်အရပ်မှာ သံလိုက်စက်ကွင်းရှိတာကြောင့် မြောက်အရပ်ကို ဦးခေါင်းပြုပြီး မအိပ်သင့်ပါဘူး။ ဒီလို အိပ်စက်ခြင်းကြောင့် သွေးတိုးစေနိုင်တဲ့အပြင် အိပ်ရာထဲမှာ လေဖြတ်နိုင်လို့ သတိပြုပါသင့်ပါတယ် လို့ ဆိုကြပါတယ်။

ဖော်ပြပါ ဗဟုသုတများ တိုးပွားပြီး ကျန်းမာ ပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။