ဒီနေ့အတွက် လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေပန်းအစားဆုံးပုံရိပ်ကလေးတွေက တော့ ဝါရင့်မင်းသမီးချော အိန္ဒြာကျော်ဇင်ရဲ့ အလှဓာတ်ပုံတွေပါ။ ဆယ်ကျော်သက်လေး တစ်ယောက်လို အမြဲနုပျိုကာ လှသွေးကြွယ်နေတဲ့ သူမက ချစ်စဖွယ်ကလေးနှစ်ယောက်ရဲ့ မိခင်ဆိုတာမထင်ရက်စရာပါပဲနော် ပရိသတ်ကြီး ။

Photo grapher အောင်ကျော်ထွန်းရဲ့ လက်ရာတွေမှာတော့ သူမ အနက်ရောင် အပေါ် အောင် ဖက်ရှင်တွေနဲ့အတူ ကာလာဆန်းဆန်း ဆံပင်စတိုင်နဲ့ အထာကျလွန်းနေတာပါ ။ မိခင်လောင်းတစ်ယောက်ဖြစ်ပေမယ့်လည်း မင်းသမီးချောမို့ ခန္ဓာကိုယ်အချိုးအဆစ်ပိုင်းနဲ့ လှပမှုတွေမှတော့ ဆယ်ကျော်သက်ကလေးတောင် ရှုံးလောက်တဲ့လှပမှုတွေနဲ့ပါ ။

လူတိုင်းအားကျရတဲ့ စံပြမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူမက ကလေးနှစ်ယောက်ကို မွေးဖွားခဲ့ပေမယ့်လည်း အနှပညာအလုပ်တွေနဲ့ အလှမ်းဝေးခဲ့တယ်လို့ မရှိခဲ့ပါဘူး ။ ခင်ပွန်းဖြစ်သူ ပြေတီဦးနဲ့အတူ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတဲ့ သူမအတွက် ပရိသတ် များကရော ခင်ပွန်းဖြစ်သူကပါ နောက်ထပ်အကယ်ဒမီဆုအတွက် ရင်ခုန်ပေးလို့နေပါတယ်။

ဒါကတော့ ပြည်သူ့အချစ်တော် နိုင်ငံကျော်မင်းသမီး အိန္ဒြာကျော်ဇင်ရဲ့ ဒီနေ့အတွက် ပုံရိပ်ကလေးတွေကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source – Aung Kyaw Tun – Visual Design

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။