ငပလီကမ်းခြေမှာ အပျော်ကြီးပျော်နေသူလေးကတော့ ညိုချောလေးနန်းခင်ဆိုတဲ့ ဒီမင်းသမီး ချောလေးပါ။ ထူးထူးခြားခြားပြင်ဆင်ခြယ်သထားကာ မရှိပေမယ့်လည်း သူမရဲ့အလှတွေ ကတော့ ပေါ်လွင်နေပြီးသားပါပဲ ။

အပန်းဖြေခရီးထွက်လာတာမို့ ငပလီကမ်းခြေမှာရှိတဲ့ Sliver Beach Hotel မှာတည်းပြီး ပုလဲကျွန်းမှာ ခရုကောက်ကာ လမ်းလျှောက်လည်း ထွက်ခဲ့ပါသေးတယ်တဲ့။ ပြီးရင်တော့ အုန်းရေသောက် ဓာတ်ပုံရိုက် ရင်ပြည့်စုံပါပြီတဲ့ ပရိသတ်ကြီးရေ ။

ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ထွက်ရှိထားတဲ့သူမက သရုပ်ဆောင်မင်းသမီး ချောတစ်ယော က်ဖြစ်သလို အလှမယ်တစ်ယောက်ဖြစ်ပါတယ်။ ပထမဦးဆုံးသော မြန်မာနိုင်ငံရဲ့ လူသိများကာအသိအမှတ်ပြုခြင်းခံရတဲ့ Miss International Myanmar 2012 ဆိုတဲ့ ဆုတံဆိပ်ကို ပိုင်ဆိုင်ခဲ့သူပါ။

သရုပ်ဆောင် အလှမယ် တစ်ဦးနဲ့တင် သူမရဲ့ဝါသနာက အဆုံးမသတ်သွားပါဘူး ။ဂီတဘက် ကို လည်း ခြေဦးလှည့်ဖို့အတွက် Nonstop ဆိုတဲ့ တကိုယ်တော်အယ်ဘမ်လေးကိုလည်း ထွက်ရှိထားပါတယ်။

ဒီလိုဘက်စုံထူးချွန်တဲ့သူမလေးကို ချစ်တဲ့ပရိသတ်တွေအတွက် ငပလီကမ်းခြေက ပုံလှ လှကလေးတွေကို စုစည်းပေးထားတယ်နော် ။

Source - Nan Khin Zay Yar FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။