အဆိုတော် ယုန်လေးကတော့ ယူရစ်အက်စစ် အရမ်းများတဲ့ ရောဂါကြောင့် အရက်ဘီယာ လုံး၀ သောက်လို့ မရတော့ဘူးလို့ သိရပါတယ်..။

ယူရစ်အက်စစ် အရမ်းများနေတဲ့ အတွက်ကြောင့် ခြေတွေ လက်တွေ လှုပ်ရှားရတာ အရမ်းနာနေတယ်ဆိုပြီးလည်း ယုန်လေးက ပြောပြထားပါတယ်..။

မိတ်ဆွေ သူငယ်ချင်းတွေကိုလည်း အရက်လိုက်မသောက်ရင် နားလည်ပေးကြဖို့လည်း စိတ်မကောင်းစွာ ပြောထားပါသေးတယ်..။

အဲ့ဒီအကြောင်းကိုတော့ ယုန်လေးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ဖေဖော်ဝါရီ(၁၉)ရက်နေ့က ရေးသား ပြောပြထားတာ ဖြစ်ပါတယ်..။

“ချစ်ညီအစ်ကို မောင်နှစ်မများ စိတ်မကောင်းစရာ သတင်းက အရက် ဘီယာ လုံးဝသောက်လို့ မရတော့ဘူးတဲ့ နှစ်ခါရှိပြီဒါနဲ့ဆို ယူရစ်အက်စစ် အရမ်းများများနေလို့ .. ခြေတွေ လက်တွေ လှုပ်ရှားရတာ အရမ်းနာနာလာတယ်.. လိုက်မသောက်ရင်လည်း အားလုံးကိုနားလည်ပေးစေချင်ပါတယ်..” ဆိုပြီး ရေးသားထား ဖြစ်ပါတယ်..။

အဆိုတော် ယုန်လေးကတော့ ဂီတအနုပညာလောကမှာ အောင်မြင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားသလို ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင် ရိုက်ကူးနေတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်..။

Source - ယုန်လေး fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။