ကျောက်ဖရုံသီးကို မြန်မာနိုင်ငံအနှံအပြားမှာပေါက်ရောက်လည်းရှိပါတယ်။ လူတိုင်းသိတဲ့ သီးနှံတစ်မျီုးဖြစ် ပါတယ်။ သူရဲ့ အစွမ်းသတ္တိကတော့ အေးပြီး အရသာမှာတော့ ချိုပေါ့တဲ့ အသီးဖြစ်ပါတယ်။ ကျောက်ဖရုံသီး ဟာကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။ အဆုတ်အူမကြီးကို ကောင်းမွန်စေပါတယ်။ ကင် ဆာကို်လည်း ကာကွယ်ပေးပါတယ်။ နွေရာသီအတွက် အထူးစားပေးသင့်ပါတယ်။

ကျောက်ဖရုံသီးကိုအားနည်းသူ၊ ခေါင်းမူးတတ်သူ၊ ဖြူဖပ်ဖြူရော်ဖြစ်နေသူ၊ မျက်လုံးအမြင်မှုန်ဝါးနေသူ၊ ကျောက်ကပ်ရောဂါရှိသူ၊ ဆီးရောဂါရှိသူ၊ နှလုံးအဆို့ရှင် ရောဂါရရှိသူတို့ စားသင့်ပါသည်။ကျောက်ဖရုံ သီးကိုမစားသင့်တဲ့ သူတွေကတော့ အစာအိမ် အားနည်းတဲ့သူ၊ အသည်းရောင် ဘီပိုး ရှိသူတွေမစားသင့်ပါ ဘူးနော်။ ပရိုတင်း၊ဗီတာမင် ၊ကြေးဓာတ်၊ ပိုတက်ဆီယမ်၊ မီးစုန်း ၊သံဓာတ်တို့ပြည့်ဝစွာပါရှိပါတယ်။ ကျောက် ဖရုံသီးကိုစားပေးရင် အပူများကိုစုပ်ယူစေပါတယ်။ ကိုယ်တွင်းအပူများသူများ စားပေးသင့်ပါတယ်။

သွေးတိုး ၊ကျေက်ကပ်၊ မဖြစ်စေရန်ကာကွယ်ပေးပါတယ်။ ဆီးသွားခြင်းကိုကောင်း ကျိုးပြုသည်။ အူမကြီးထဲ ရှိအဆိပ်တွေကို ရှင်းလင်းပေးပါတယ်။အစာကြေစေပါတယ်။ ရေဖျဉ်းစွဲခြင်း၊ မျက်နှာပေါ်အမည်းစက်ဖြစ် ပေါ်ခြင်း၊ လိပ်ခေါငး်ရောဂါ၊ စအိုကျွံခြင်း၊ ထုံနာကျဉ်နာ၊ မျာကိုကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်မိခင် လောင်းများ ကျောက်ဖရုံသိးကို များစွာမစားသုံးသင့်ပါ။ ဟင်းချိုးအဖြစ်သာသောက်သုံးနိုင်ပါတယ်။ သွေးတွင်း အဆီများကိုလည်း လျော့ချပေးပါတယ်။ အားလုံးပဲကျန်းမာကြပါစေ။

Source : ယမုံအေး (စမ်းချောင်း)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။