လူမှုကွန်ယက် ကို အသုံးပြုနေသူတွေအတွက် မဖြစ်မနေ သိထားသင့်တဲ့ ပုဒ်မ ၆၆ အကြောင်းကို ဖော်ပြပေးလို်က်ပါတယ်။ ဘယ်သူမဆို ဖော်ပြပါ ပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ပုဒ်မ ၆၆ အရ ထိုသူအား ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်နိုင်ပါတယ်။ ဒါ့ကြောင့် ပုဒ်မ ၆၆ မှာ ဘယ်လိုအချက်တွေ ပါ၀င်လဲ ဆိုတာကို လေ့လာကြည့်လိုက်ရအောင်နော်။ 

ပုဒ်မ၆၆ (က)

ဆက်သွယ်ရေး ကွန်ယက်အတွင်းသို့ ယင်း၏ပိုင်ရှင် သို့မဟုတ် စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက်မရှိပဲ ဝင်ရောက် နှောင့်ယှက်ခြင်း၊ စံချိန်စံညွှန်း သတ်မှတ်ချက်ကိုဖြစ်စေ၊ မူလအနေ အထားကိုဖြစ်စေ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်း။ ဥပမာ - facebook /gmail’s account တို့ကို ခိုးယူခြင်း၊ Passwordပြောင်းခြင်း။

ပုဒ်မ၆၆(ခ)

ဆက်သွယ်ရေးကွန်ယက်ကို ထိခိုက်စေရန် ဗိုင်းရပ်စ် ( သို့မဟုတ် ) အခြားနည်း နဲ့ ဝင်ရောက်စေခြင်း။

ဥပမာ - link အတုတွေကတဆင့် အချက်အလက်များ၊ password ခိုးယူခြင်း။  

ပုဒ်မ၆၆(ဂ)

ဆက်သွယ်ရေးကွန်ယက်ကိုသုံး၍ ငွေကြေးနဲ့ပစ္စည်းကိုခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် အကျိုးပျက်စေခြင်း၊

ဥပမာ - onlineshopping က တဆင့် ငွေလိမ်ယူခြင်း။

ပုဒ်မ၆၆(ဃ)

ဆက်သွယ်ရေးကွန်ယက်ကိုသုံးပြီး လူတစ်ယောက်ကို ခြောက်လှန့်ခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွတ်ခြင်း အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊ မလျှော်သြဇာသုံးခြင်း၊ ခြိမ်းခြောက်ခြင်း မရိုးဖြောင့်သောနည်းဖြင့်ပြန်လည်ဖြန့်ဝေခြင်း။

ဥပမာ - facebookက တဆင့် လူတစ်ယောက်ကို ဆဲဆို ခြိမ်းခြောက်ခြင်း၊ mention ခေါ်ဆဲခြင်း၊ ကာယကံရှင်၏ ခွင့်ပြုချက် မယူဘဲ ပုံတွေသုံးပြီး မဟုတ်သတင်းရေးခြင်း၊ ပျက်ဆီးစေမှုနဲ့ tag တွဲခြင်း၊ သူတစ်ပါး တင်ထားသော Post ကို By Name ဖြင့် Screen Shot ပြန်ယူတင်ခြင်း .., Share အဖြစ်တင်ခြင်း၊ မရိုးသားသည့်သဘောဖြင့် Photo Comment ပြုလုပ်၍ မန့်ခြင်း …. စတဲ့ အပြုအမူတွေ ကျူးလွန်ရင် ကိုယ်တိုင် တရားဆွဲစရာမလိုပဲ ကြားလူတစ်ယောက်က အမှုဖွင့်ပေးရုံ နဲ့ အာမခံ မရှိ ထောင် ၃ နှစ်ချလို့ရပါတယ်။

Screenshot သက်သေ အထောက်အထားနဲ့ ကျိန်းသေ ထောင်ကျအောင် ချလို့ ရပါတယ်။ အားလုံး သိကြတဲ့အတိုင်း ပုဒ်မ ၆၆ (ဃ) ကို facebook ပေါ်မှာ ကျူးလွန်နေသူတွေ အများကြီးပဲ ဖြစ်ပါတယ်။ ဥပဒေနဲ့ ပတ်သက်နေတာကြောင့် ဖော်ပြပါ ပုဒ်မတွေကို သတိထားသင့်ပါတယ်။ တကယ်တမ်း ဥပဒေကို နားလည်သူ ဆိုရင်တော့ By name တပ်ပြီး Facebook ပေါ်စော်ကားဖို့နေနေသာ Share တာတောင် သတင်း ပိုစ့်၊ ပညာပေး ပိုစ့်လောက် share ရဲ ကြတာဖြစ်ပါတယ်။ ပုဒ်မ ၆၆ က ကြောက်ဖို့ကောင်းတာကြောင့် အားလုံးပဲ ဆင်ခြင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အားလုံးပဲ ကျန်းမာ ချမ်းသာပြီး သာယာပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

Credit: Original writer ( ဥပဒေ ပညာရပ် )

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။