ပေါ့ပ်သီချင်းအေးအေးနဲ့ ပရိသတ်ရင်ကိုထိခိုက်သွားစေနိုင်တဲ့ သီချင်းလေးတွေကို သီဆိုတတ်တဲ့ Lလွန်းဝါတစ်ယောက်ကိုတော့ ပရိသတ်ကြီးမှတ်မိကြအူးမှာပါ။ သူ့ရဲ့ အသံအေးအေးလေးနဲ့ ရင်ထဲငြိစေတဲ့ ပေါ့ပ်သီချင်းလေးတွေကိုဆိုတတ်တဲ့ Lလွန်းဝါ ကတော့ ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။  

ယခုလတ်တလောမှာတော့ ဘဝကို တစ်ယောက်တည်းဖြတ်သန်းနေပြီး သမီးလေးတွေနဲ့ တစ်လတစ်ခါတွေ့ဖြစ်တယ်ဆိုတဲ့ အကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်။ “‘‘ကျွန်တော်တို့ အေးအေး ဆေးဆေးပါပဲ။ ကလေးတွေနဲ့ တွေ့တယ်။ အဆက်အသွယ်ရှိ တယ်။ အဆင်ပြေတယ်။ သမီး လေးတွေနဲ့ကတော့ ဒီလအတွက် မတွေ့ရသေးပါဘူး။ သမီးလေး တွေနဲ့ တစ်လတစ်ခါတွေ့ဖြစ် တယ်။ အဲဒီလောက်ပဲပြောချင် တယ်။ မီဒီယာတွေက မေးတာနဲ့ ကျွန်တော်ဖြေတာနဲ့က အဆင်ပြေ တယ်။ ဒါပေမဲ့ အောက်ကနေ ဘုမသိ ဘမသိ လျှောက်မန့်(Comment ပေးခြင်း)နေတဲ့ သူ တွေနဲ့ အဆင်မပြေတာ၊ အဲဒါကြောင့် မဖြေချင်တာပါ။ မဟုတ်ရင်တော့ သိသွားအောင် ဖြေပေးချင်တာပါလို့ ပြောထားပါတယ်။ 

အဆိုတော်Lလွန်းဝါ တစ်ယောက်ကတော့ ဂီတလောကနှင့် ကင်းကွာနေသည်မှာ ငါးနှစ်ခန့်ရှိပြီဖြစ်ပြီး လက်တလောမှာတော့ ပေါ့ပ်သီချင်းချိုချိုလေးများကို စုစည်းထားပြီးသတိရပေးပါဆိုတဲ့ အယ်လ်ဘမ်ကို ချစ်သူများနေ့မှာ ထွက်ရှိထားပြီးပီပဲဖြစ်ပါတယ်။ လက်ရှိတွင် ဂီတလှုပ်ရှားမှု အနေဖြင့် တစ်ကိုယ်တော်အခွေ အတွက် သီချင်းများစုစည်းနေပြီး အယ်လ်ဘမ်ထွက်ရန် အချိန်ကြန့်ကြာနေသောကြောင့် Single Song အချစ်သီချင်းသစ်များ ထွက်ရန်ရှိကြောင်း အယ်လ်လွန်းဝါက ပြောသည်။ 

Source : 7Days Daily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။