ယခုရက်ပိုင်း အာကာသ သတင်းရပ်ကွက်မှာ ရေပန်းအစားဆုံးကတော့.. SpaceX ဒုံးပျံကြီးနှင့်အတူ အာကာသထဲသို့ ပထမဆုံးအကြိမ် အောင်မြင်စွာရောက်ရှိသွားတဲ့ ကြယ်လူသား (Starman) အရုပ် နဲ့ Tesla ကားကုမ္ပဏီက ထုတ်လုပ်တဲ့ ချယ်ရီနီရောင် ကားတို့ဖြစ်ပါတယ်။ သူတို့ဟာ ဘီလီယံနာသူဌေး အီလွန်မာ့စ်ခ် (Elon Musk) ရဲ့ SpaceX နဲ့ Telsa ကားကုမ္ပဏီမှ ပစ္စည်းများဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က အောင်မြင်စွာ လွှတ်တင်ခဲ့တဲ့ အင်ဂျင် ၂၇ လုံးပါ Falcon Heavy ရော့ကတ် ဒုံးပျံကြီး ဟာ ကမ္ဘာက လွှတ်တင်ခဲ့သမျှ ဒုံးပျံများထဲမှာ အားအကောင်းဆုံးဖြစ်ပြီး.. ဒါဟာ နောင်လာမယ့် အနာဂတ်မှာ အင်္ဂါဂြိုဟ် (မားစ်) ကိုစေလွှတ်မယ့် အစီအစဉ်များအတွက် များစွာ အထောက်အကူပြုမယ့် ခြေလှမ်းအစပဲ ဖြစ်ပါတယ်။

ဒီခြေလှမ်းအစကို လူတွေ ပိုမိုစိတ်ဝင်စားအောင် အီလွန်မာ့စ်ခ် က Starman အစီအစဉ်ကို ထည့်သွင်းခဲ့တာပါ။ ဒီအစီအစဉ်ကြောင့် သူ့ရဲ့ Tesla Cherry Red Roadster ကားဟာလည်း ရေပန်းစားပြီး အရောင်းသွက်ခဲ့ပါတယ်။ "အာကာသကိုရောက်တဲ့ကား" ဆိုပြီး ဂုဏ်ယူစွာနဲ့ စီးကြပါတယ်။ အင်မတန်အမျော်အမြင်ရှိတဲ့ စီးပွားရေး ပညာရှင်ပါပဲ။ အာကာသ သမိုင်းကို တခေတ်ဆန်းစေပြီး.. အနာဂတ်လမ်းများစွာကိုလည်း ပွင့်လန်းသွားစေပါတယ်။

ကြယ်လူသား နဲ့ Telsa ကားဟာ အင်္ဂါဂြိုဟ်ရဲ့ အလွန် (မားစ်ဂြိုဟ် နှင့် ဂျူပီတာဂြိုဟ် အကြား) က ဂြိုဟ်သိမ်၊ ဂြိုဟ်ပဲ့ ခါးပတ်ကွင်းရှိရာဆီ အရောက်သွားမှာပါ။ ဂြိုဟ်သိမ် ဂြိုဟ်ပဲ့ တခုခုနဲ့ တိုက်မိခဲ့လျှင်တော့ ပျက်စီးသွားမှာဖြစ်ပြီး.. မတိုက်မိမချင်းတော့.. အာကာသထဲ မျောလွင့်နေမယ့် ကားတစ်စီးပဲ ဖြစ်ပါတော့တယ်..။

Source : The Space & Universe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။