မင်းသမီး သဉ္ဇာနွယ်ဝင်းကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားသလို အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း အားကျဝေဖန်မှုတွေ အမျိုးမျိုးကို ကြုံတွေ့ခဲ့ရသူလည်း ဖြစ်ပါတယ်..။

ဒီတစ်ခေါက်မှာတော့ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းက သူမအတွက် လောကမှာ အချစ်ရဆုံး ယောင်္ကျားသုံးယောက်ရှိတယ်လို့ ပြောလာပါတယ်..။

သူမရဲ့ အချစ်ရဆုံး ယောင်္ကျားသုံးယောက်ကတော့ သူမရဲ့ အဖေ၊ ခင်ပွန်းနဲ့ သူမရဲ့ သားလေးပဲ ဖြစ်ပါတယ်တဲ့ ..။

အဲ့ဒီအကြောင်းကိုတော့ သဉ္ဇာနွယ်ဝင်းက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ သူမရဲ့ ဖခင်ဖြစ်သူက သားလေးကို ချီထားတဲ့ ပုံလေးကို တင်ထားပြီး ရေးသားထားတာ တွေ့ရပါတယ်..။

“လောကမှာ အချစ်ရဆုံး ယောကျာ်း သုံးယောက်ရှိတယ်.. အဲ့ဒါကတော့ အဖေ| သား နဲ့ ခင်ပွန်းပါ..

အဖေကသူ့မြေးလေးကို အရမ်းချစ်တာကြည့်ရတာ အရမ်းပီတိဖြစ်တယ် ဒီပုံလေးကြည့်တိုင်း အရမ်းစိတ်ချမ်းသာတယ်..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

မင်းသမီး သဉ္ဇာနွယ်ဝင်းကတော့ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို ရပ်နားထားပေမယ့်လည်း သူမရဲ့ လှုပ်ရှားမှုလေးတွေနဲ့ မိသားစုပုံရိပ်လေးတွေကိုတော့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေကို အမြဲ ပြန်လည်မျှဝေလေ့ရှိတာလည်း တွေ့ရပါတယ်..။

သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူမို့ ယနေ့ အချိန်ထိ ပရိသတ်တွေ အားကျချစ်ခင်နေရတဲ့ အနုပညာရှင်ဆယ်လီ တစ်ဦးလည်း ဖြစ်ပါတယ်..။

Source - သဉ္ဇာနွယ်ဝင်း fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။