အဆိုတော် မနောလို့ဆိုရင်တော့ မြန်မာပြည်ရဲ့အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ပရိသတ် တိုင်းသိရှိမယ်ထင်ပါတယ်။ သူရဲ့သီချင်းတွေကတော့ ပျော်ပွဲရွှင်ပွဲ ပွဲတိုင်းမှာ မြိုင်မြိုင် ဆိုင်ဆိုင်ဖြစ်ဖို့အတွက် မပါမဖြစ်ပါ။

တောအကြိုက် မြို့အကြိုက် သီချင်းအေးအေးလေးကို ရေးစပ်ကာ သီဆိုတက်တဲ့သူက အခုလည်း သီချင်းသစ်တွေကို ဖန်တီးလို့နေပါပြီ ။

လက်ရှိမှာတော့ သီချင်းသစ်တွေ MTV လေးတွေရိုက်ကူးနေတဲ့ သူက ကျေးလတ် လေးတစ်နေရာမှာ ရိုက်ကူးနေတဲ့ ပုံကလေးတွေကို Facebook စာမျက်နှာထက်က သူ့ပရိသတ်တွေအတွက် ဝေမျှလာပါတယ်။ ဒီပုံလေးမှာတော့ သူက ကျောင်း ဆရာလေး တစ်ဦးအနေနဲ့ အဖြူအစိမ်းဝတ်စုံလေးကို ဝတ်ကာ ကလေးငယ်ကလေးများကို စာပြနေတဲ့ အနေနဲ့ သရုပ်ဖော်ထားတာ တွေ့ရပါတယ်။

အမြို့မြို့အနယ်နယ်မှာ ကြားနေရတဲ့ သူ့ရဲ့ အောင်မြင်မှုအတွက် ဝေဖန်ထိုးနပ်မှုတွေအပေါ်တော့ “ ကျွန်တော်က နယ်မှာမွေးပြီး နယ်မှာကြီးပြင်းခဲ့တဲ့ တောသားမို့ ရွေးပြီးအသုံးမချပါနဲ့ခင်ဗျာ” လို့လဲ ဆိုထားပါတယ်။ စိတ်စေတနာကောင်းပြီး ပျော်ပျော်နေတက်သူမို့ ရောက်လေရာနေရာတိုင်းမှာ ပရိသတ်တွေနဲ့ ပြည့်နေတဲ့ ဒီလိုရိုးသားအဆိုတော်လေးကိုလဲ အားပေးရအောင်နော် ပရိသတ်ကြီး ။

Source – manawမနော FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။