ပရိတ်သတ်အချစ်တော် နာမည်ကျော်သရုပ်ေ်ဆာင်တစ်ဦးဖြစ်တဲ့ ပွင့်တစ်ယောက် မင်္ဂလာပွဲတစ်ခုမှာ ပန်းကြဲခဲ့တဲ့ ပုံရိပ်လေးတွေက တကယ်ကိုချစ်စရာကောင်းလွန်းပါ တယ် ပရိတ်သတ်ကြီးရေ။ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးအဖြစ် အနုပညာလောကမှာ ရပ်တည်ခဲ့တာဟာ အချိန်အတော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။ အားပေးသူပရိတ်သတ်တွေရဲ့ သူမရဲ့အနုပညာခရီးလမ်းဟာ အောင်အောင်မြင်မြင်နဲ့ လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ခန္ဓာကိုယ်ဝဖိုင့်ဖိုင့်လေးကြောင့် ပရိတ်သတ်တွေရဲ့အချစ်တွေကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

လက်ရှိချိန်ထိလည်း တစ်ကိုယ်တည်းအပျိုကြီးအဖြစ်နဲ့ ဖြတ်သန်းနေတာဖြစ်ပြီး သူမရဲ့ ချစ်သူကတော့ သူမရဲ့ပရိတ်သတ်တွေပါလို့ ဆိုပါတယ်။ ချစ်စရာကောင်းတဲ့ မျက်နှာထား ချိုချိုလေးကြောင့် ပရိတ်သတ်တွေရဲ့ အချစ်တော်လေးတစ်ဦးဖြစ်လို့နေတာပါ။ ဟာသဇာတ် ရုပ်တွေကို အပိုင်နိုင်ဆုံးသရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ ရယ်မောခြင်းကိုသယ်ဆောင် လာခဲ့တဲ့ ချစ်စဖွယ်အနုပညာရှင်တွေထဲက တစ်ဦးပဲဖြစ်ပါတယ်။

မင်္ဂလာပွဲမှာ ပန်းကြဲနေတဲ့ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေက တကယ်ကိုချစ်စရာကောင်း လွန်းပါတယ်။ သူမရဲ့မိခင်ရိုက်ကူးပေးထားတာဖြစ်ပြီး " ဓာတ်ပုံရိုက်ရင်ကို ပျော်နေတဲ့ ခေးလေးပွင့်ပါ " ဆိုပြီး သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို တင်ထားတာဖြစ်ပါတယ်။ ပြည့် ပြည့်၀၀နဲ့ တကယ်ကိုဖက်ချင်စရာကောင်းလောက်အောင်ကို ချစ်ဖို့ကောင်းလွန်းနေတဲ့ သရုပ်ဆောင်ပွင့်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Pwint Cele's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။