ပရိတ်သတ်ကြီးရေ လတ်တလောအချိန်လေးမှာက အချစ်ရေးကစိတ်ဝင်စားစရာအကောင်းဆုံုးဖြစ်နေတဲ့ ပိုင်တံခွန်ကိုတော့ သိကြတယ်မလား။ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကိုကွဲကြေစေခဲ့တဲ့ ပိုင်တံခွန် ရည်းစားရသွားတဲ့သီတင်းလေးကလဲ အခုချိန်မှာ အရမ်းရေပန်းစားနေတဲ့ သတင်းတစ်ပုဒ်ဖြစ်နေတာပဲဖြစ်ပါတယ်။ သူရဲ့ချစ်သူလေးက Miss Intercontinental Myanmar 2014 Winner ဆုရှင်ဖြစ်တဲ့ အိန်ဂျယ်လမုံ ဆိုတာတော့ ပရိတ်သတ်တွေသိပြီးကြပြီလို့ထင်ပါတယ်။

အခုလိုရေပန်းစားနေတဲ့အချိန်လေးမှာ ပိုင်တံခွန်ကတော့ Finally ဆိုပြီး အရမ်းအားကျကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကိုဖေ့ဘွတ်စာမျက်နှာပေါ်မှာတင်ပေးခဲ့ပါတယ်။ ကြင်ဖက်နဲ့ ယှဉ်လျက် တွဲရပ်ပြီး ပန်းလေးတွေစီခြယ်ထားတဲ့ နေရာလေးတစ်ခုမှာ pre wedding ပုံလေးတွေရိုက်ကူးနေတဲ့ သူတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေက တကယ်လိုက်ဖက်မှုရှိလှပါတယ်။

ထိုပုံလေးတွေကတော့ ပိုင်တံခွန်နှင့်အတူ ယမင်းမေဦးတို့အတူတူတွဲရိုက်ထားတဲ့ အနုပညာပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ လတ်တလောမှာ ပိုင်တံခွန်တစ်ယောက် မိန်းမယူသွားပြီလားလို့ ထင်ရလောက်အောင် အသက်ဝင်လှတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်။

source - Paing Takhon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။