ပရိသတ်ကြီးရေ ဒီနေ့ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှာ မွေးနေ့ကျရောက်သူလေးကတော့ ဟောလိ၀ုဒ်ရဲ့ နာမည်ကြီး အဆိုတော် ရီဟားနား ဖြစ်ပါတယ်။

အသက်(၃၀)ပြည့်သွားပြီဖြစ်တဲ့ Barbados နိုင်ငံသူ ရီးဟားနားဟာ တေးရေးဆရာ၊ အဆိုတော် ၊ မင်းသမီးတစ်လက်အဖြစ် ကမ္ဘာကျော်လာတဲ့ ဆယ်လီတစ်ဦးဖြစ်ပါတယ်။

သူမဟာ ဂီတလောကထဲကို (၂၀၀၃)ခုနှစ်ကထဲက စတင်ခြေချခဲ့ပြီး Music of the Sun ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပွဲဦးထွက် လူသိများလာခဲ့ပါတယ်။ဒါ့ပြင် (၂၀၀၆)ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ A Girl like Me ဆိုတဲ့ သူမရဲ့ တေးအယ်ဘမ်ကလည်း အမေရိကန်ရဲ့Billboard 200 စာရင်းမှာ နံပါတ်(၁၀)စာရင်းဝင် ရပ်တည်နေခဲ့တာပါ.။

ဂီတနဲ့ပတ်သက်ပြီး ပါရမီပါလာတဲ့ ရီဟားနားဟာ သီချင်ခွေ (၂၃၀)ခန့် အရောင်းရဆုံးတေးသီချင်းပိုင်ရှင်တွေထဲက တစ်ဦးအပါ၀င်ဖြစ်ပြီး (၂၀၀၈)ခုနှစ်မှာ Umbrella သီချင်းနဲ့ နိုင်ငံတကာကို ထိုးဖောက်နိုင်ခဲ့ပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီး ရက်ပါအဆိုတော် ခရစ်စ်ဘရောင်းနဲ့ အမှုကိစ္စဟိုးလေးတစ်ကျော်ဖြစ်ခဲ့ပြီးနောက်မှာတော့ အချစ်သစ်တွေတစ်ယောက်ပြီးတစ်ယောက် နဲ့ တွဲခုတ်ခဲ့ပါတယ်။

လက်တလောမှာတော့ ရီဟားနားတစ်ယောက် ဘီလျံနာသူဌေး ဟတ်ဆန် ဂျက်မေး နဲ့ ချစ်ကြိုက်နေဆဲဖြစ်တယ်လို့သိရပါတယ်။

သီချင်းအပုဒ်ရေများစွာနဲ့ ပရိသတ်တွေရဲ့အားပေးမှုအခိုင်အမာရရှိထားတဲ့ ရီဟားနားကတော့ အသက်(၃၀)ပြည့်ပေမယ့်လည်း အရွယ်တင်နုပျိုနေဆဲပါပဲ။  

Source : Wiki

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။