ဖေဖော်ဝါရီ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အချိန် မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက် တော်ဘုရားတွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။မန်းရွှေစက်တော်ဘုရား အထက်ခြေတော် ရာတောင်ခြေ မန်းချောင်းနံဘေးရှိ ပုသိမ်၊ မုံရွာတိုက်တန်းမှ စတင်လောင်ကျွမ်းခဲ့တာပဲ ဖြစ်ပါတယ်။မုံရွာတိုက် တန်းရှိ အဆောက်အဦးတစ်ခုရဲ့ အဆောက်အအုံမျက်နှာကျက်မှ ဝိုင်ယာကြိုးပေါက်ပြီးရှော့ခ်ဖြစ်တာ ဖြစ်တယ် လို့သိရပါတယ်။ 

အဆိုပါ မီးလောင်ပြင်သို့ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်နှစ်စီး၊ ရေစုပ်စက် သုံးလုံး နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၄၅ ဦးတို့ သွားရောက်ငြှိမ်းသတ် ခဲ့ရတာပဲ ဖြစ်ပါ တယ်။ထို့ပြင် မီးသတ်တပ်ဖွဲ့ဝင်များနဲ့အတူ မီးတည်းခိုဆောင်လုပ်ငန်း လုပ်ကိုင်သူများ၊ ဈေးသည်များ၊ ဘုရားဖူး ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တယ်လို့သိရပါတယ်။မီးလောင်မှုဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးခဲ့ရာမှာတော့ အဆောက်အအုံမျက်နှာကျက်မှ ဝိုင်ယာကြိုးပေါက်ပြီးရှော့ခ်ဖြစ်ကာ မီးပွားများက အောက်ဘက်ရှိ မွေ့ရာနှင့် စောင်များပေါ်သို့ကျရောက်ပြီး မီးလောင်မှုဖြစ်ပွားရခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးထွန်းထွန်းကပြောပါတယ်။ 

အဲ့နေ့ မွန်းလွဲ ၂နာရီ ၅၀ခန့်ကမီးညွှန်ကျိုးသွားခဲ့ပြီး ၃နာရီ ၁ဝ မိနစ်ခန့်မှာတော့ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။မီးလောင်မှုကြောင့် ဆုံးရှုံးခဲ့ရတဲ့ တန်ဖိုးအတိအကျတော့ မသိရသေးပဲ စစ်ဆေးမှုတွေပြုလုပ် လျက်ရှိတယ်လို့ သိရပါတယ်။ဆက်လက်ပြီးလည်း နေအိမ်ပိုင်ရှင်ကိုတရားဥပဒေအရ အရေးယူဆောင်ရွှက်ရန် မင်းဘူး(စကု)မြို့နယ်ရှိမြို့မရဲစခန်းတွင် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။