အန္တာတိကတိုက်ရဲ့ မြောက်ဘက်စွန်းနားတွင်တည်ရှိနေသော သွေးရေတံခွန်ဟုခေါ်ကြသောရေကန် အကြောင်းကို အခုထိ သိပ္ပံပညာရှင်များအဖြေမထုတ်နိုင်သေးချေ။

အဆိုပါရေတံခွန်၏ထူးခြားချက်မှာ၎င်း၏ရဲ့အစရေခဲမြစ်အရည်ပျော်ရာအရပ်မှာသာမာန်အဖြူရောင်ရေခဲရည်များသာ ဖြစ်ပြီး လမ်းတလျှောက်လုံးတွင်လည်း ရိုးရိုးရေခဲပျော်ရည်အဖြစ်သာ စီးဆင်းခဲ့ရာမှ အဆိုပါ သွေးရေတံခွန်နား အရောက်တွင်မှ အနီရောင်ပြောင်းကာ ပင်လယ်ထဲသို့စီးဝင်နေခြင်းဖြစ်သည်။

အဆိုပါသွေးရောင်ရေခဲရည်များသည်အဆိပ်အလွန်ပြင်းပြီးသံဓာတ်သိပ်သည်းမှု့မှာအဆမတန်များပြားလွန်းလှသည် ။ထို့အပြင် ဆာလဖာဓာတ်လည်း အဆမတန်ပါဝင်နေကြောင်းသိရသည်။ သိပ္ပံပညာရှင်များအနေဖြင့် အဆိုပါ သွေးရေတံခွန် ဖြစ်ပေါ်လာပုံအကြောင်းကို အခုထက်ထိတိကျသော အဖြေထုတ်နိုင်မှု့မရှိသေးချေ။

အဆိုပါသွေးရေတံခွန်ကိုတော့ ၁၉၁၁ခုနှစ်မှာ သြစတေးရီးယားလူမျိုး ဘူမိဗေဒပညာရှင် တေလာကရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆိုပါ ရေတံခွန်မှစီးတဲ့အနီရောင်တွေဟာ ရေညှိအနီရောင်တွေလို့ ထင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ သံအောက်ဆိုဒ်ကြောင့် ဖြစ်ပေါ်တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။  

Source : Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။