နာမည်ကျော်မိတ်ကပ်ဖန်တီးရှင်တစ်ဦးဖြစ်တဲ့ ညီညီမောင် (စမ်းချောင်း) တစ်ယောက် သူမရဲ့မျက်နှာကို ယခင်ကထက် ပိုပြီးကြည့်ကောင်းအောင် ပြင်ဆင်မှုအချို့ပြုလုပ်ခဲ့ပါတယ်။ မျက်နှာပေါ်ကအရေးအကြောင်းလေးတွေကို ရှင်းပြီး ပြည်ပြည့်ဖောင်းဖောင်းလေးဖြစ်အောင် ပြုပြင်ခဲ့တာမို့ အခုကိုအရင်ကထက် ပိုပြီးကြည့်ကောင်းတဲ့ ပုံစံလေးဖြစ်လို့နေပါပြီ။ ယခင်က သူမကိုဝေဖန်မှုတွေရှိပေမယ့် လက်ရှိမှာတော့ သူမရဲ့ ဟာသ Video လေးတွေကြောင့် ပရိတ်သတ်တွေက အရင်ကထက်ပိုပြီးချစ်ခင်အားပေးလာခဲ့ကြတာပဲဖြစ်ပါတယ်။

သူမကိုဝေဖန်တဲ့သူတွေကိုလည်း သူမကချစ်ခင်ကြောင်းပြောခဲ့ပါသေးတယ်။ ခင်ပွန်းဖြစ် သူနဲ့အတူ ပျော်ရွှင်စရာအချစ်ခရီးလေးကို ပိုင်ဆိုင်ထားပြီး ကလေးယူဖို့ကိုတော့ အစီအစဉ် မရှိဘူးလို့ဆိုပါတယ်။ သူမက ကလေးမချစ်တတ်တာကြောင့် မယူချင်ဘူးလို့ဆိုပါတယ်။ လိင်ခွဲစိတ်မှုကို လုပ်ဖို့အစီအစဉ်ရှိပေမယ့် လက်ရှိထိတော့ အကောင်အထည်မဖော်ရသေး ပါဘူး။ ဟာသ Video လေးတွေရိုက်ပြီး ပရိတ်သတ်တွေကို ပျော်အောင်လုပ်ပေးတဲ့ မိတ်ကပ်ဖန်တီးရှင်တစ်ယောက် မျက်နှာပြုပြင်ပြီး ဘယ်လိုတွေလန်းသွားလဲဆိုတော့ ပုံရိပ်လေးတွေက သက်သေပါပဲ။

သူမရဲ့ Facebook မှာ " My Princess Clinic မှာ မျက်နှာ ပြည့်ပြည့်လေးနဲ့ ကြည့်ကောင်းအောင် အရေးအကြောင်း တွေ ပါ မပေါ်တော့အောင် လှလှ သွားပြင်တာ စိတ်တိုင်းကျပြီး သုသု လိုချင်တဲ့ မျက်နှာဖူးဖူးလေးရပြီ သုသု မျက်နှာ က ခွက်တယ်လေ အစွမ်းကုန်ဂရုတစိုက် ပြင်ပေးတဲ့ ဒေါက်တာ Aung Thiha ကျေးဇူးပါ " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ အရင်ထက်ပိုပြီး တမူထူးခြားပြီးချစ်စရာကောင်းသွားတဲ့ သုသုရဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo - Nyi Nyi Maung's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။