ဖေ့ဘုတ်စ် ၊ အင်စတာဂရမ်တို့လို ဆိုရှယ်မီဒီယာတွေခေတ်စားလာတာနဲ့အမျှ နိုင်ငံတကာက အနုပညာရှင်တွေအနေနဲ့ကိုယ့်ရဲ့ အနုပညာအရည်သွေးနဲ့ အစွမ်းစတွေကို နာမည်ကြီးအောင်လုပ်ဖို့ လွယ်ကူလာပါတယ် ။

လူမှုကွန်ရက်မှာ နေ့စဉ်နဲ့အမျှ တစ်နေ့တစ်မျိုးမရိုးနိုင်လောက်အောင် နာမည်ကြီးနေတဲ့ အလှနတ်သမီးတွေကလည်း အရောင်သွေးစုံလင်စွာ ထွက်ပေါ်လျက်ရှိပါတယ်။

လက်တလော ပုရိသတို့ကို အရည်ပျော်သွားစေတဲ့ ဗီယက်နမ် မော်ဒယ်တစ်ဦးရဲ့ ပုံရိပ်တွေကတော့ လူမှုကွန်ရက်မှာ ၀န်းရံခံနေရဖြစ်ပါတယ်။

မိမွေးတိုင်းဖမွေးတိုင်း လှနေတဲ့ ဖြူဝင်းတဲ့ အသားအရေနဲ့ ကောက်ကြောင်းအလှပေါ်မှာ ကြက်မွှေးတွေနဲ့ မပေါ်ရုံတမယ် ဆင်မြန်းထားတာကိုတွေ့ရပါတယ်။

ကြက်မလေးတစ်ကောင် ကြက်ဥဝပ်နေသလားမှတ်ရအောင် မြန်မာပြည်ကပရိသတ်တွေကြားမှာ ပြောစမှတ်တွင်နေပါတယ်။

မကြာသေးမီက ထိုင်းနိုင်ငံက မော်ဒယ်တစ်ဦးရဲ့ အမှိုက်ပုံနားမှာ ရိုက်ကူးထားတဲ့ အထာကျကျ ပုံရိပ်တွေကလည်း အမျိုးသားထုကြီးကို လှုပ်လှုပ်သဲသဲဖြစ်သွားစေခဲ့ပါတယ်။

အခုမြင်တွေ့ရတဲ့ ဗီယက်နမ်အပျော်တမ်းPhoto Model တစ်ဦးရဲ့ ပုံရိပ်တွေကတော့ လက်တလော ဖေ့ဘုတ်စာမျက်နှာမှာ ဟိုးလေးတစ်ကျော်ဖြစ်နေတာမို့ မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက်ပါ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

Source : MyanmarMoel Attractive Photos

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။