ဒီပုံလေးကိုမြင်လိုက်လို့ အသဲကွဲသွားတဲ့ ကိုကိုရဲ့ပရိသတ်တွေရှိနေမယ်ထင်ပါတယ်။ အသဲတွေကွဲစရာမလိုပါဘူး ပရိသတ်ကြီးရေ တကယ်တော့ ဒီပုံကလေးက ပရိသတ်ကြီးထင်နေသလို စုံတွဲမဟုတ်ဘဲ အရမ်းခင်ရတဲ့ သူငယ်ချင်းပါတဲ့နော်။

သူငယ်ချင်းဖြစ်သူက ဒီပုံကလေးကို “ ဘုရားသွားကျောင်းတက်” ဆိုတဲ့စာသားလေးနဲ့တွဲကာ သူရဲ့ ကိုယ်ပိုင် စာမျက်မှာထက်မှာ ဝေမျှလိုက်တာပါ။ သူမပေးထားတဲ့ မှတ်ချက် များကိုဖျက်ပြီး ပရိသတ်အထင်လွဲသွားစေတဲ့အတွက် သူမကတော့ စိတ်ဆိုးပြီး “ ကိုယ်က မိန်းမအစစ်မဟုတ်တော့ အစခံရလည်း အမြတ်လို့တွေးထားတာနေမှာပါ ငါအရမ်းဝမ်းနည်း တယ် ငါမထင်ထားဘူး သူငယ်ချင်း” ဆိုပြီး သူမခံစားအချက်ကလေးတွေကို ရေးသားထားပါတယ် ။

ဒီပုံလေးကြောင့် သူမရဲ့ပရိသတ်တွေက အထင်တွေလွဲစေခဲ့သလို တချို့ကလည်း သူငယ် ချင်းဖြစ်သူရဲ့ စနောက်မှုအပေါ် စိတ်ဆိုးနေကြသူများလည်း ရှိပါတယ်။ ဒါကတော့ ဒီပုံလေးကြောင့် ဖြစ်ပွားခဲ့တဲ့ ဂယက်များအတွက် သူမဘက်က ပြန်လည်ရှင်းပြထားတာပဲ ဖြစ်ပါတယ် ။

Source – Myo Ko Ko San FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။