ဖေဖော်ဝါရီ (၁၇)ရက်ည(၈)နာရီအချိန် နေပြည်တော် လယ်ဝေးမြို့နယ်တွင် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။အဆိုပါ အမျိုးသားအလောင်းကိုတော့ နေပြည်တော်လယ်ဝေးမြို့နယ်မှန်တော ကျေးရွာ အနောက်မြောက်ဘက် သချႋုင်းအုတ်ဂူများနှင့် ဆည်မြောင်းကြားရှိ ပေါင်အောက်တွင် တွေ့ရှိ ခဲ့ရတာ ပဲဖြစ်ပါတယ်။အလောင်းတွေ့ရှိရာနေရာကို သွားရောက်စစ်ဆေးခဲ့ရာမှာတော့ လက်ဝတ်ရတနာများဖြင့် သေဆုံး နေတာဖြစ်တယ်လို့ ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှရီကပြောပါတယ်။ 

အဆိုပါသေဆုံးနေတဲ့ အမျိုးသားအလောင်းနဲ့အတူ စိန်နားကပ်တစ်ခု၊ ရွှေလက်စွပ်တစ်ကွင်း၊ ဖုန်းတစ်လုံးနှင့် အတူတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ၎င်းကပြောပါတယ်။ရဲတပ်ဖွဲ့မှ ၎င်းရဲ့ဖုန်းအတွင်းမှ ဖုန်းနံပါတ် တချို့ကိုဆက် သွယ်ခဲ့ရာမှာတော့ သေဆုံးသူရဲ့မိခင်နှင့် အဆက်အသွယ်ရရှိခဲ့တယ်လို့ သိရပါတယ်။ရဲတပ်ဖွဲ့မှဆက်လက်စစ် ဆေးခဲ့ရာမှာတော့ သေဆုံးသူမှာ ဇမ္ဗူသီရိမြို့နယ်၊ ခရေအိမ်ရာနေ သူဝေယံ (၂၄ နှစ်)ဖြစ်တယ်လို့ သိရပါတယ်။  

သေဆုံးသူ သူဝေယံ (၂၄ နှစ်)ကတော့ လွန်ခဲ့သောတစ်လခန့်က ဆိုင်ကယ် နှင့် မတော်တဆတိုက်မိကာ ဦးခေါင်းတွင် ဒဏ်ရာရရှိထားပြီး တစ်ခါတစ်ရံ စိတ်မူ မမှန်ကာ ဆူပူသောင်းကျန်းသဖြင့် ဖေဖော်ဝါရီ ၁၄ ရက်က ရန်ကုန်မြို့ စိတ်ကျန်းမာ ရေးဆေးရုံ(ရွာသာကြီး)တွင် ကုသမှုခံယူခဲ့ရဖူးတယ်လို့ သိရပါတယ်။ထို့နောက်ဖေဖော် ဝါရီ(၁၆)ရက်မှာတော့ အိမ်ကထွက်သွားရာ ပြန်လည်ရောက်ရှိလာခြင်းမရှိတော့ သဖြင့်မြို့နယ်ရဲတပ်ဖွဲ့တွင် လူပျောက်တိုင်ကြားခဲ့တာပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ လယ်ဝေးမြို့မရဲစခန်းက သေမှုသေခင်း အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။