ပရိသတ်ကြီးရေ ...အလုပ်တွေ၊အိမ်မှုကိစ္စတွေအရမ်းများလို့ မွန်းကျပ်နေကြပီလား၊ ဒီလိုမွန်းကျပ်မှုတွေကို လျှော့ချပေးမယ့် ဇာတ်ကားတစ်ကားကတော့ မကြာမီရောက်ရှိလာတော့မှာပဲဖြဖစ်ပါတယ်။ ဘဝရဲ့ မွန်းကျပ်မှုတွေကို ဟာသနဲ့ ဆေးကြောလိုက်တာက အကောင်းဆုံးနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီးရဲ့ မွန်းကျပ်မှုတွေကိုလျှော့ချပေးမယ့်ဇာတ်ကားတစ်ကား နဲ့ မိတ်ဆက်ပေးချင်ပါတယ်။  

ဒီဇာတ်ကားရဲ့နာမည်လေးကတော့ “ကိုယ့်ဇာတ်လမ်းမှာ ကိုယ်သာဇာတ်လိုက်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ကျော်ဇော်လင်း ကရိုက်ကူးထားပြီး နေတိုး၊ထွန်းထွန်း။ဝတ်မှုံရွှေရည်၊ယွန်းရွှေရည်တို့အပြင် အခြားသောအနုပညာရှင်ပေါင်းများစွာပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးရဲ့ အဓိကပြောချင်တာကတော့ ဘဝမှာ ချမ်းသာဖို့မလိုပဲ စိတ်ချမ်းသာအောင်နေတတ်ဖို့ပဲ အရေးကြီးတယ်လို့ ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။

“ကိုယ့်ဇာတ်လမ်းမှာ ကိုယ်သာဇာတ်လိုက်” ဆိုတဲ့ဇာတ်ကားကြီးကိုတော့ မတ်လ၉ရက်နေ့မှာရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ ဘဝမှာအရိုးရှင်းဆုံးနေထိုင်ရင်း ပျော်ပျော်နေနိုင်ဖို့အတွက်ပညာပေးထားတဲ့ ဇာတ်ကားလေးကို အတူတူစောင့်မျှော်လိုက်ကြရအောင်နော်။  

Source : ကိုယ့်ဇာတ်လမ်းမှာ ကိုယ်သာဇာတ်လိုက် ( Facebook) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။