အာလူးကို မီးဖိုချောင်းသုံးအဖြစ်အသုံးပြုတာများပါတယ်။ ခုချိန်မှာတော့အာလူးရဲ့အသုံးဝင်ပုံတွေက အံမခန်းပါပဲနော်။ အာလူးအစွမ်းသတိတွေကို ဖော်ပြရရင် စာဖွဲ့လို့တောင်ကုန်မှာမဟုတ်ပါဘူး။ အာလူးဟာ အာဟာရအစားစားထဲမှာပါဝင်သလို အလှပရေးရာအတွက်လည်း အသုံးဝင်လှှပါတယ်။ လူတိုင်းသိတဲ့ အာလူးဟာ အရေပြားအတွက်ဘယ်လောက်ထိအသုံးဝင်သလဲဆိုတာ သိပြီးသာဖြစ်ကြပေမဲ့ ဆက်လက် တင်ပြပေးမှာပါ သိတဲ့သူတွေရော မသိသေးတဲ့သူတွေ အတွက်ပါရေးပေးမှာပါ။

ပထမဆုံးအရေပြားမွေးခြောက်တာကို ပြန်လည်းကောင်းမွန်ဖို့အတွက် ငွေအကုန်ကျများစရာမလိုပါဘူး နော်။အာလူးမှာ ဗီတာမင်အေ၊ ဘီ၊ စီတိုံပါဝင်တဲ့အတွက် မျက်နှာပြင်အတွက်ဆဲလ်တွေကို အသစ်တစ်ဖန် မွေးဖွားလာဖို့ကူညီပေးပါတယ်။ အရွယ်မတို်င်ခင်အိုမင်းခြင်းတွေကို ကာကွယ်ပေးတဲ့အကျိုးကျေးဇူးတွေ ရှိပါတယ်။ အစက်အပြောက်တွေကို ပြယ်ပျေက်စေပါတယ်။ အသားရေနှုးညံစေပါတယ်။ ကဲနောက်တစ်ခု ကတော့ အာလူးရေခဲတုံးလေးတွေ လုပ်ပြီးမျက်နှာအသားရေအတွက် အသုံးပြုနိုင်ပါတယ်နော်။

ခွက်တစ်ခွက်မှာ လတ်ဆက်တဲ့ အာလူးဖျော်ရည် (၁)ခွက် ရေ (၁)ခွက်၊ သံပုရာရည်တစ်ခွက် ဆတူရောပြီး သမအောင်မွွှေ ရေခဲသတ္တာထဲမှာပါတဲ့ ရေခဲတုံး လေးတွေလုပ်တဲ့ ဗန်းထဲလောင်းထည့်လိုက်ပါ။ ပြီးရင်တော့ တစ်ညလောက် သိပ်ထားလိုက်ပါနော်။ နောက်တစ်နည်းကတော့ အာလူးဖျော်ရည် ဆန်ဆေးရည် ဆတူရော ရေခဲဗန်းထဲထည့် အအေးခံတားရင်လည်း ရပါတယ်။ ရလာတဲ့ အာလူးရေခဲတုံးလေးတွေကို အိပ်ယာမဝင်ခင် မျက်နှာပေါ်ပွတ်ပေးရုံပဲနော်။ ပြီးရင်အခြောက်ခံ အိပ်လိုက်ရုံပဲ။ မနက်မိုးလင်တာနဲ့ နှုးညံ့ပြီး ချောမွေ့တဲ့အသားရည် ပိုင်ဆိုင်နိုင်ပြိးဖြစ်ပါတယ်။ အားလုံးကျန်းမာရွင်လန်းကြပါစေ။

Source: theindianspot

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။