Miss Universe Myanmar အလှမယ်တစ်ဦးဖြစ်တဲ့ ထက်ထက်ထွန်းကတော့ အချိန် စမတ်ကျနေတစ်ဦးပါ။ အလှမယ်တစ်ဦးမှာရှိသင့်တဲ့ စမတ်ကျမှုတွေ လှပမှုတွေ ထက်မြတ်မှုတွေနဲ့ ပြည့်စုံနေသူတစ်ဦးမို့ Miss Universe Myanmar 2015 နဲ့ 2016 ပွဲတိုင်းမှာ အလှသရဖူတိုင်းကို ဆွတ်ခူးနိုင်ခဲ့တာပါ။

ဒီနေ့တော့ အေးချမ်းတဲ့တောင်ကြီးရဲ့ရာသီဥတုအောက်မှာ ပုံလှလှကလေးတွေကို ရိုက်ကူးရင်း ကဗျာဆန်ဆန် အချစ်စာသားလေးတစ်ချို့ကိုလည်း ရေးသားလာပါတယ်။

“ ဝိုင်မသောက်ပေမယ့် ဝိုင်နမ်းခဲ့တယ်… အနမ်းဝိုင်ပေ့ါနော်… မပိုင်ဆိုင်ရပေမယ့် မြတ်နိုးစွာအနားရှိချင်တယ်…အချစ်ပေါ့နော်” လို့ ရေးသားကာ လွမ်းဆွေးနေတဲ့ ပုံကလေးတွေကို ဖော်ပြထားတာပါ။

Museum Myanmar ဆိုတဲ့ မော်ဒယ်အေဂျင်စီတစ်ခုကိုလည်း တည်ထောင်ထားပြီး မော်ဒယ်လ်ပိုင်းကို စိတ်ပါဝင်စားတဲ့ လူငယ်လေးတွေအတွက် တဖက်တလမ်းကနေ အားဖြည့်ပေးလို့နေပါတယ် ။

သရုပ်ဆောင်လောကထဲမှာလည်း ခြေချဖို့အတွက် သူမက “ ညစ်တွန်း” ဆိုတဲ့ရုပ်ရှင် ဇာတ်ကားကြီးကိုလည်း ဝါရင့်သရုပ်ဆောင်များနဲ့အတူ တွဲဖက်ကာ သရုပ်ဆောင် ထားပါသေး တယ်။

Source – Htet Htet Htun FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။