Myanmar Idol မှာ ပါဝင်ယှဉ်ပြိုင်ရာကနေ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားသူကတော့ ဆိုဖီယာ ဖြစ်ပါတယ်။ အများနဲ့မတူ တမူထူးတဲ့ သီချင်းပုံစံလေးတွေကို သီဆိုလေ့ရှိသူတစ်ဦးဖြစ်ပြီး တစ်ကိုယ်တော် တေးစီးရီးခွေလည်း ထွက်ရှိထားသူဖြစ်ပါတယ်။ လက်ရှိမှာတော့ အောင်မြင်တဲ့ အဆိုတော်တစ်ဦးအဖြစ်ရပ်တည်လျက်ရှိပြီး မဂ္ဂဇင်းဓာတ်ပုံတွေပါ ရိုက်ကူးလို့နေတာ တွေ့ရပါတယ်။ 

တလောက လူမှုစာမျက်နှာတွေထက်မှာ အတော်လေးနာမည်ကြီးခဲ့တဲ့ ဥက္ကာမင်းမောင်ရဲ့ ဓာတ်ပုံတွေကတော့ ယခု မဂ္ဂဇင်းကာဗာပေါ်ကို ရောက်ရှိလို့လာပါပြီ။ ဒီဓာတ်ပုံတွေကတော့ My Journey Travel and Lifestyle Magazine အတွက် ရိုက်ကူးပေးခဲ့ကြတာဖြစ်ပြီး ဥက္ကာမင်းမောင် အေးချမ်းမောင်နဲ့ ဆိုဖီယာတို့က ငပလီကမ်းခြေမှာ ကမ်းခြေဝတ်စုံတွေနဲ့ ရိုက်ကူးခဲ့ကြတာဖြစ်ပြီး ပရိသတ်တွေကြား အတော်လေးဂယက်ထခဲ့ပါတယ်။

ခုတော့ ဒီဓာတ်ပုံအချောတွေထွက်ရှိလာပြီဖြစ်ပြီး ဆိုဖီယာက သူမရဲ့ လူမှုစာမျက်နှာမှတဆင့် ပြန်လည်မျှဝေလို့ ထားပါတယ်။ လက်ရှိမှာတော့ ဥက္ကာမင်းမောင်ဟာ ပြည်ပကို ရောက်ရှိနေတာဖြစ်ပြီး နယူးယောက်ကို ရောက်နေတာဖြစ်တယ်လို့ သူ့ရဲ့ instagram ကတဆင့် သိရပါတယ်။ ကဲ ပရိသတ်ကြီးရေ ကမ်းခြေမှာ အရမ်းလန်းနေတဲ့ သူတို့သုံးယောက်ရဲ့ ဓာတ်ပုံလေးတွေကို ကြည့်ရှုဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.....

Photo : Sophia Everest & My Journey

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။