ကိုယ်ချစ်တဲ့မိန်းကလေးရဲ့အချစ်ကိုရဖို့အတွက် ရိုမန်တစ်ဆန်ဆန်ချစ်ခွင့်ဘယ်လိုပန်ရမလဲဆိုတာဟာ ယောကျာ်းလေးတိုင်း ခေါင်းစားရတဲ့အရာပါ။ ဘယ်လိုပဲ အံ့သြဖွယ်ရာတွေပြင်ဆင်ထားစေဦးတော့ မိန်းကလေးဘက်ကနေ ငြင်းဆိုခဲ့မယ်ဆိုရင် အချည်းနှီးသာဖြစ်မှာပါ။

ပြီးခဲ့တဲ့သတင်းတစ်ပုဒ်အရ အမျိုးသားတစ်ယောက်ဟာ သူချစ်ရတဲ့ကောင်မလေးကို I phone ၉၉လုံးနဲ့ ချစ်ခွင့်ပန်ခဲ့တဲ့နေရာမှာ မအောင်မြင်ခဲ့ဘူးလို့သိရပါတယ်။ ဒါပေမယ့် ဒီအမျိုးသားကတော့ ကွန်ဒုံးဘူးပေါင်း ၉၉၉ဘူးကို အသည်းပုံ ပုံစံဖော်ပြီး ချစ်ခွင့်ပန်ခဲ့ပါတယ်။

ဘယ်လိုအဓိပ္ပါယ်နဲ့ ကောင်မလေးက ယူဆမှာလဲ။ သူ့ရဲ့ထူးထူးဆန်းဆန်း ချစ်ခွင့်ပန်တာက အောင်မြင်ပါတယ်။ ကောင်မလေးဟာ ရယ်မောပြီး ရှက်ရှက်နဲ့ သူ့အချစ်ကို လက်ခံခဲ့ပါတယ်။ ဒီလိုထူးထူးဆန်းဆန်းချစ်ခွင့်ပန်တာကို သဘောကျလို့ လက်ခံခဲ့တာလားပဲ မပြောပြတတ်တော့ပါဘူး။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။