အချိန်တိုလေးအတွင်းမှာ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် တဟုန်ထိုး နာမည်ကြီးလာတဲ့ မင်းသားလေးကတော့ ကျော်ထက်ဇော်ပါ။ သူကတော့ ပထမဦးဆုံး အနေနဲ့ MRTV -4 ရဲ့ “ အမုန်းမှသည်” ဆိုတဲ့ ဇာတ်လမ်းလေးကနေ အနုပညာဘက်ကို ခြေလှမ်းသစ်စခဲ့သူပါ။

ဒီဇာတ်လမ်းတွဲလေးမှာ အောင်မြင်ခဲ့တဲ့သူက အခုဆိုရင်တော့ ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့ တွဲဖက်ကာရုပ်ရှင်ဇာတ်ကားကြီးများကို စတင်ရိုက်ကူးလို့ နေပါပြီ။

“ ရွှေအိုး ငွေအိုး ပြည့် လျှံဖြိုး” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို ပြင်ဦးလွင် မှာရိုက်ကူးနေ တာဖြစ်ပြီး သူကတော့ ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားကြီးမို့ ရင်ခုန်လို့နေပါတယ်။

ဒီဇာတ်ကားကြီးပေါ်က ၅ရက်မြောက်နေ့ ပုံရိပ်များကိုတော့ သူက ၅ရက်နေ့အမှတ်တရဆိုပြီး ပရိသတ်တွေဆီ မျှဝေလာတာပါ။ ရိုက်ကူးရေးတွေ ရှုတင်တွေဆက်နေတဲ့သူကတော့ နောက်ထပ် “ မိုးကောင်းကင် အိမ်မက်” ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်ကလေးနဲ့အတူ ပရိသတ် ရှေ့ကိုပြန်လာဖို့အတွက် ဇာတ်လမ်းတွဲလေး တစ်ခုကိုလည်း ရိုက်ကူးထားပါသေးတယ်။

လတ်တလောမှာတော့ ရိုက်ကူးရေးတွေနဲ့ အလုပ်များနေတဲ့ ပျိုပျိုမေတို့ရဲ့ အသည်းစွဲ ကိုကိုကျော်ထက်ဇော်တစ်ယောက်ကတော့ သူရဲ့ ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားကြီးအတွက် ကြိုးစားပမ်းစား ရိုက်ကူးနေတဲ့ ပုံရိပ်တွေကို မျှဝေလိုက်ပါတယ်။ ဒါကြောင့် ထွက်လာရင် လည်း စောင့်ကြည့်ဖို့ မမေ့ပါနဲ့အုံးနော် ။

Source – Kyaw Htet Zaw FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။