မိတ်ဆွေတို့သိတဲ့ အတိုင်း ဓာတ်ဆားလို့ဆိုလိုက်တာနဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းတွေမှာ သောက်သုံးကြပါ တယ်။ ခန္ဓာကိုယ်ပေါ်မှာလိုအပ်နေတဲ့ ရေဓာတ် လျော့နည်းခြင်းအတွက် ရေဖြင့် ဖျော်သောက်ရတဲ့ အရာ တစ်ခုဖြစ်ပါ တယ်။ပြီးတော့ ချွေးထွက်လွန်တဲ့ အားကစားသမားတွေ ၊အလွန်ပူပြင်းတဲ့ရာသီဥတုမှာ ချွေး ထွက်များ တဲ့သူတွေ သောက်သုံးသင့်ပါတယ်။ မြန်မာဆေးဝါးကထုတ်တဲ့ ဓာတ်ဆား ကတော့ရိုးရိုးဓာတ် ဆား၊ သစ်သီးစုံဓာတ်ဆား ဆိုပြီး ရောင်းကြပါတယ်။

အရည်အသွေးပြည့်ဝတာကတော့ မြန်မာနိုင်ငံဆေးဝါးစက်ရုံထုတ်တဲ့ ဓာတ်ဆားပါနော်။ ဓာတ်ဆားဝယ်ရင် လတ်ဆပ်မှုကို် စစ်ဆေးဖို့အတွက် အထုတ်ကိုလှုပ်ကြည့်ပါ။ အထဲကအမှု့ံ ကပ်နေရင်(သို့မဟုတ်)အမှု့ံ အရောင်ပြောင်းနေရင် လုံးဝမသောက်ပါနဲ့ ။ဓာတ်ဆားဖျော်တာကိုတော့ ရေကျက်အေး (သို့မဟုတ်) ရေသန့် တစ်ဗူး နဲ့ဖျော်ပါ။ ဒါပေမဲ့ ရေနွေးနဲ့တော့ သွားမဖျော်မိပါစေနဲ့။ ရေခဲသတ္တာထဲက ရေအေးနှင့်လည်း မဖျော်ရပါဘူး။ ဓာတ်ပျယ်သွားတဲ့အတွက်ဖြစ်ပါတယ်။ ဓာတ်ဆားထုတ်ကိုတော့ အေးပြီးခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပါတယ်။

ပြီးတော့ ဓာတ်ဆားကို ၂၄ နာရီအတွင်းကုန်အောင်သောက်ရမှာပါ။ ပုံမှန်အားဖြင့် ဓာတ်ဆားကို တစ်ရက်အနည်းဆုံး ၂ ထုတ်သောက်သုံးသင့်ပါတယ်။ ၂ ထုတ်ထက်ပိုသောက်မိရင်တော့ ခန္ဓာကိုယ်ထဲမှာ ပိုနေတဲ့ ဆားဓာတ်တွေကို မစွန့်ထုတ်နိုင်ပဲ သွေးတို်းအဖြစ်ပြောင်းလဲသွားတတ်ပါတယ်။ ဓာတ်ဆားသောက် တော့မယ်ဆိုုရင် ဆီးချို ၊သွေးတို်း၊ ရှ်ိသူတွေက ဆရာဝန်ညွန်ကြားတဲ့အတိုင်း သောက်သင့်ပါတယ်နော်။ အားလုံးပဲကျန်းမာကြပါစေ။

Source : Original Writer

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။