အိမ်မက်ဆုံရာတေးဂီတပြိုင်ပွဲမှ ပေါ်ထွက်အောင်မြင်လာခဲ့တဲ့ တေးသံရှင် ဝိုင်းလေးရဲ့ ဒုတိယ မြောက် တစ်ကိုယ်တော်တေးအယ်လ် ဘမ်ဖြစ်တဲ့ ''ဝိုင်း'' တေး အယ်လ်ဘမ် မိတ်ဆက်ပွဲကို ဖေဖော် ဝါရီ ၁၅ ရက်က ရန်ကုန်မြို့ Orchid Hotel မှာပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ လ ၁၈ ရက်နေ့မှာတော့

မန္တလေးမြို့ မနောရမ္မံ ကစားကွင်းမှာ ဝိုင်း "Album Promotion" ပွဲလေးကျင်းပခဲ့ပါတယ်။ ပရိတ်သတ်တွေ စည်စည်ကားကားနဲ့ တကယ်ကို ပျော်ရွှင်စရာပွဲလေးတစ်ခုဖြစ်တယ်လို့လည်း မန္တလေးမှ ပရိတ်သတ်တွေကိုကျေးဇူးတင်စကား ဆိုထားပါသေးတယ်။

"ဝိုင်း"တေးအယ်ဘယ်လေးနဲ့ ပတ်သက်ပြီး ''ဒီခွေလေးက ဝိုင်းလေးရဲ့ ဒုတိယမြောက် စီးရီးပါ၊ ဂီတပုံစံရော၊ သီချင်းအကြောင်း အရာတွေရော ပထမခွေနဲ့မတူပါဘူး၊ ပထမအခွေတုန်းက မိန်းကလေးဆန်တဲ့ အချစ်သီချင်းလေးတွေဆိုဖြစ်ခဲ့တယ်၊ ဒီအခွေမှာက မိန်းကလေးဆန်ဆန် လေးတွေတော့မဟုတ်ဘူး၊ ဆိုတဲ့အပိုင်းမှာလည်း သာမန်အချစ်သီချင်းတွေဆိုတာထက်စာရင် အသံပိုင်းကို ပိုပြီး အားကောင်းအောင် ဆိုထားပါတယ်၊ လှုပ်လို့ကောင်းမယ့်သီချင်းလေးတွေလည်း ထည့်ထားပါတယ်၊ ဒီအခွေအတွက် ဝိုင်းလေး သေချာအချိန်ယူ ပြင်ဆင်ထားတာဖြစ်တဲ့အတွက် ပရိသတ်တွေအားပေးကြမယ်လို့ မျှော်လင့်ပါတယ်''လို့ ဝိုင်းလေးကပြောကြားထားပါတယ်။

သီချင်းစုစုပေါင်း ၁ဝ ပုဒ်ပါဝင်တဲ့ ဒီအယ်လ်ဘမ်မှာ တေးရေးတွေအနေနဲ့ ဝေကြီး၊ ဆလိုင်း၊ ကျားပေါက်နဲ့ ဝိုင်းလေး ကိုယ်တိုင်လည်း ရေးသားထားပြီး ဒီအခွေကိုတော့ ယခုလ ၁၇ ရက်ကစပြီး ဘိုဘို တေးထုတ်လုပ်ရေးကနေ ဖြန့်ချီပေးခဲ့ပါတယ်။ ဝိုင်းလေးကို အိမ်မက်ဆုံရာပြိုင်ပွဲမှာရော၊ Missပြိုင်ပွဲတွေမှာရော အားပေးလာတဲ့ချစ်ပရိတ်သတ်ကြီးများလည်း ဒုတိယတစ်ကိုယ်တော်တေးအယ်ဘယ်လေးကို အားပေးကြပါအုံးနော်။

photo - WYNE LAY

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။