ပရိတ်သတ်ကြီးရေ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲကောင်လေးတစ်ယောက်ဖြစ်တဲ့ တေးသံရှင်ရွှေထူးကိုတော့ ရင်းနှီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။သူထွက်ရှိထားတဲ့ စိတ်ကူးယဉ်စာအုပ်ဆိုတဲ့ အခွေးလေးကလဲ ပရိတ်သတ်တွေကြိတ်ကြိတ်တိုးအားပေးခဲ့တဲ့အခွေလေးပဲဖြစ်ပါတယ်။ထိုအခွေလေးနဲ့ ပတ်သတ်ပြီးကြိုးစားခဲ့ရတဲ့ ရွှေထူးရဲ့အကြောင်းလေးကိုလဲ ပရိတ်သတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။

ရွှေထူးရဲ့ပြောကြားမှုအရတော့ သူ့ရဲ့ဘဝမှာ အခွေထွက်ဖို့ဆိုတာကအိမ်မက်တစ်ခုလိုပါပဲ။လက်ထဲမှာ ပိုက်ဆံလေး ၂ ထောင် ၃ ထောင်နဲ့ စတူဒီယိုဖိုးတောင် အနိုင်နိုင်ရုံးကန်နေရဲ့တဲ့အချိန်မှာ သိန်း လေး၊ငါးဆယ် တစ်ရာလောက် ကုန်ကျပြီး အခွေထုတ်ဖို့ဆိုတာ သူ့အတွက် မှန်းတောင်မမှန်းရဲတဲ့အရာလေးပါပဲ။တကယ်လို့ငါထုတ်လို့ရှိရင်ရော ငါ့ကို အားပေးကြပါ့မလား ဆိုတဲ့ စိတ်လေးတွေနဲ့ ဒွိဟတွေအမြဲဖြစ်နေရတယ်လို့လဲသိရပါတယ်။

နောက်ဆုံး ပရိုဂျူဆာကိုနိုင်နဲ့တွေ့ပြီး underground မှာဆိုခဲ့ဖူးတဲ့သီချင်းလေးတွေကိုပေါင်းပြီး အခွေလေးတစ်ခွေထုတ်နိုင်ခဲ့ပေမယ့် စိုးရိမ်ပူပန်မှုတွေများစွာနဲ့ပြည့်နှက်နေခဲ့ရပါတယ်။ online ပေါ်မှာတော့ အားပေးကြပေမယ့် အပြင်မှာဆိုရင်ရောလာအာပေးပါ့မလားဆိုတဲ့စိတ်နဲ့ အခွေထွက်တဲ့ ပရိုမိုးရှင်းပွဲအချိန်လေးမှာတောင်ပွဲကလေးနာရီစမှာကို သုံးနာရီထိ ဘာမှမပြင်ရသေးဘဲ ကြောက်လို့အိပ်ရာထဲမှာပဲခွေနေခဲ့ရပါတယ်။နောက်ဆုံးမှာတော့ လူတွေအများအပြားကြိတ်ကြိတ်တိုးရောက်ရှိနေပြီးခုံတွေတောင်ကျိုးတဲ့အထိ လာရောက်အားပေးတဲ့ပရိတ်သတ်တွေကြောင့် စိတ်ကူးယဉ်စာအုပ်ဆိုတဲ့အခွေလေးဟာ သူ့ဘဝအတွက် အကောင်းဆုံးအမှတ်တရ ပန်းတိုင်လေးတစ်ခုဖြစ်ခဲ့တယ်လို့သိခဲ့ရပါတယ်။

Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။