(1)Dr.Dre

ကမ္ဘာကျော် Beatအမှတ်တံဆိပ်ကိုထုတ်လုပ်တဲ့ Dr.Dreဟာ လက်ရှိမှာတော့ ကမ္ဘာ့အချမ်းသာဆုံး ရက်ပါ တစ်ယောက်လည်းဖြစ်ပါတယ်။ Dr. Dreဟာအနုပညာနယ်ပယ်လောကမှာတော့ အတီးသမား အပြင် အဆိုသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ Beatအမှတ်တံဆိပ်ဟာ ဥရောပမှာ Appleပီးရင် ဒုတိယမြောက် ရောင်းအားအကောင်းဆုံး အီလက်တရောနစ်ပစ္စည်းလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ Dr.Dreရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာသန်း၇၀၀ အထိရှိပါတယ်။  

(2) Diddy

နာမည်ကြီး ရက်ပါတစ်ယောက်ဖြစ်တဲ့ Diddyကတော့ ပရိသတ်ချစ်ခင်မှုအပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ ပြည့်စုံကောင်းမွန်လှတဲ့ သီချင်းသီဆိုမှုစွမ်းရာ်တွေ၊ အကောင်းဆုံးတင်ဆက်ဖျော်ဖြေနိုင်မှုတွေနဲ့ ကမ္ဘာပတ်ပီး သီဆိုဖျော်ဖြေရတာကြောင့် ဝင်ငွေအတော်မျာားတဲ့ အနုပညာရှင်တစ်ယောက်လို့လည်း ဆိုရမှာ ဖြစ်ပါတယ်။ လက်ရှိDiddyရဲ့ ပိုင်ဆိုင်မှုကလည်း ဒေါ်လာ သန်း၇၀၀အထိရှိပါတယ်။ 

(3)Jay –Z

ကမ္ဘာကျော် ရက်ပါကြီး Jay-Zကတော့ ယနေ့အချိန်အထိပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားပြီး အောင်မြင်နေဆဲဖြစ်တဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာလက်ရှိအချိန်မှာတော့ ကမ္ဘာကျော်အဆိုတော် ဘီယွန်းစေးနဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတာလဲဖြစ်ပါတယ်။ သူ့မှာ တခြားပြင်ပ စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေလည်း ရှိပြီး လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ သန်း ၅၅၀ပိုင်ဆိုင်ထားပါတယ်။ 

(4)Master P

Master P ကတော့ သူ့ရဲ့ နာမည်ကျော်ကြားလှတဲ့ ရက်ပ်စွမ်းရည်နဲ့ လွတ်လပ်မှုကိုနှစ်သက်မြတ်နိူးတဲ့ ပုံစံကြောင့် ပရိသတ်အကြားလူသိများတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ သံစဉ်တီးလုံးတွေဟာ ကမ္ဘာကျော်ခဲ့ပြီး လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ သန်း၃၅၀ရှိပါတယ်။ 

(5)50 Cent

ကမ္ဘာကျော် ရက်ပါကြီး 50 Centကိုတော့ မသိသူမရှိစလောက်ပါပဲ။ သူ့ရဲ့ အောင်မြင်ကျော်ကြားလှတဲ့ သီချင်းတွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိနေတဲ့ အနုပညာတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ လက်ရှိအချိန်မှာတော့ 50 Centရဲ့ ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ သန်း ၂၇၀အထိရှိပါတယ်။

Source : Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။