မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲ ပထမအကျော့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘတ်ဆစ်တပ်အသင်းကို အိမ်ကွင်းမှာ ၅ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဘတ်ဆစ်တပ်အသင်းရဲ့ကစားသမား ဗီဒါ ပွဲချိန် ၁၆ မိနစ်မှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းကတော့ နောက်တဆင့်တတ်ရောက်ဖို့ အခွင့်ရေးကောင်းကို ပိုင်ဆိုင်သွားခဲ့ပြီလည်းဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ကိုမန်း၊ လီဝန်ဒေါစကီး၊ မူလာ၊ ဗီဒယ်၊ ဂျာဗီမာတီနက်၊ ဂျိန်းရိုဒရီဂွက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘတ်ဆစ်တပ်အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဘာဘယ်၊ ကွာရက်မာ၊ မီဒယ်၊ ပီပီ၊ ဟက်ချင်ဆန်၊ ဆွာဇာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ ဂိုးကန်သွင်းချက်များစွာနဲ့ ဘတ်ဆစ်တပ်အသင်းဘက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး သွင်းဂိုး ၅ ဂိုးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုးတွေကိုတော့ သောမက်မူလာက (၄၃ မိနစ် နဲ့ ၆၆ မိနစ်)တို့မှာ နှစ်ဂိုးသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၅၂ မိနစ်မှာ ကိုမန်းက တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ကျန်တဲ့ ၂ ဂိုးကိုတော့ (၇၉ မိနစ် နဲ့ ၈၈ မိနစ်)တို့မှာ လီဝန်ဒေါစကီးက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။