မြန်မာနိုင်င်ငံတွင်နေထိုင်ကြသူများရဲ့ ယုံကြည်ကိုးကွယ်ရာ နတ်များစွာရှိပြီး နတ်ပွဲများကိုလည်း နှစ်တိုင်းနေရာအလိုက် ကျင်းပလေ့ရှိကြပါတယ်။ မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားသော နတ်ပွဲတစ်ပွဲဖြစ်တဲ့ ပခန်းပွဲ(ခေါ်) ကိုကြီးကျော်ပွဲ(ခေါ်)ရွှေကူနီ ပွဲကို ပခုက္ကူခရိုင် ရေစကြိုမြို့နယ် နန်းဦးကျေးရွာအုပ်စု ကူနီကျေးရွာရှိ ကိုကြီးကျော်နတ်နန်းရှိရာ နေရာတွင် တပေါင်းလဆန်း ၁ရက်မှစတင်ကာ တပေါင်းလပြည့်နေ့ အထိ ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံအနယ်နယ် အရပ် ရပ်မှ ယုံကြည်ကိုးကွယ်သော ပွဲလာသူများဖြင့် စည် ကားလျက်ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ ကိုကြီးကျော်ပွဲကို တပေါင်းလဆန်း ၁ ရက်မှ စတင်ကျင်းပကာ တပေါင်းလဆန်း ၃ ရက်နေ့ကို ချိုးရေ တော်သုံးသောနေ့၊ လဆန်း ၄ရက်ကို ရွှေဘုံဆင်းခေါ် ရွှေချနေ့၊ လဆန်း ၅၊ ၆၊ ၇၊ ၈ ရက်များကို နတ်ချော့ကြ သည့်နေ့၊ လဆန်း ၉ ရက်ကို ကြက်တိုက်နေ့၊ လဆန်း ၁ဝရက်ကို နတ်ချော့နေ့၊ လဆန်း ၁၁ရက်ကို တောင်ပြုံး မင်းနှစ်ပါး ကြိုဆိုသောနေ့၊ လဆန်း ၁၂ ရက်ကို နောင် တော်ကြီး နန်းတက်သောနေ့၊ လဆန်း ၁၃ ရက်ကို ရွှေ ကိုင်းမယ်တော်ကြီး လာသောနေ့၊ လပြည့်နေ့ကို ဆွမ်း တော်ကြီးလောင်းပွဲနေ့ အစရှိသည်ဖြင့် နှစ်စဉ်ကျင်းပလေ့ရှိသည်။ စီးပွားရေး၊ ကျန်းမာရေး၊ လှုမှုရေး အစရှိတဲ့ အစအစအရာရာသော အကြောင်းရာတို့အဆင်ပြေစေရန် ဆုတောင်းပူဇော်ပသကြပါတယ်။

ရေစကြိုမြို့မှာကျင်းပနေတဲ့ ပခန်းပွဲ(ခေါ်) ကိုကြီးကျော်ပွဲကို မြန်မာနိုင်ငံ အနယ် နယ်အရပ်ရပ်မှ ယုံကြည်ကိုးကွယ်သူများ လာရောက် ကြရာ ပွဲရက်များအတွင်း နတ်ပွဲလာသူ စုစုပေါင်း ၁ဝ သိန်းကျော်ခန့် လာလေ့သိရပြီး လဆန်း ၁၁ ရက်မှ ၁၃ ရက်နေ့များသည် အစည်ကားဆုံးရက်များ ဖြစ်တယ်လို့သိရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။