ပရိသတ်ကြီးရေ ဒီနေ့တော့ ဘာဘီအရုပ်မလေးတစ်ရုပ်လို ချစ်စရာကောင်းလွန်းပြီး ပစ်မျိုး မှဲ့မထင်အောင် လှနေတဲ့ မီးမီးချောချောလေးတစ်ယောက်အကြောင်း ပြောပြမယ်နော် ။

သူမလေးကတော့ ရုရှားနိုင်ငံမှာနေထိုင်ပြီး Anastasiya Knyazeva လို့ခေါ်ပါတယ်။ ဒီ ၇နှစ်အရွယ်ကောင်မလေးရဲ့လှပမှုတွေကတော့ အံ့မခန်းပါပဲ။

ကမ္ဘာအလှဆုံးမိန်းခလေးလို့တောင် တင်စားခံနေရပြီး ကလေးအသုံးအဆောင်ပစ္ စည်းများနဲ့ ကမ္ဘာကျော် Brand ပေါင်းများစွာကိုရိုက်ကူးနေရကာ အလုပ်တွေများ နေသူလေးပါ။

ဒီလိုကလေးအရွယ်သမီးငယ်လေးတစ်ယောက်က အခုကတည်းက ကမ္ဘာကျော်နေပြီး မိဘများအတွက် ဝင်ငွေကိုပြန်လည်ထောက်ပံ့နိုင်သူတစ်ဦးပါ။

မိခင်ဖြစ်သူ Anna Knyazeva ကသူမ သမီးငယ်လေးရဲ့ အလှဓာတ်ပုံကလေးတွေကို ကိုယ်ပိုင် Facebook စာမျက်နှာထက်မှာ ဖော်ပြရင်း ကမ္ဘာကျော်လာခဲ့သူပါ။

ဘာဘီအရုပ်မလေးလို ရှည်လျားတဲ့ဆံနွယ်လေးတွေနဲ့ လှပတဲ့မျက်ဝန်းလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမက အသည်းယားလောက်အောင် ချစ်ဖို့ကောင်းလွန်းနေပါတယ်။

ဒီပုံကလေးတွေမြင်ပြီးရင်တော့ ပရိသတ်ကြီးလည်း ဒီလိုသမီးချောချောလေးတစ်ယောက် လော က် လိုချင်လာမယ် ထင်ပါတယ်နော် ။

Source – Anna Knyazeva FB & Anastasiya Knyazeva page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။