ပွဲဦးထွက်ပြသခွင့်ရခဲ့တဲ့ ဇာတ်ကားတစ်ကားတည်းနဲ့တင် ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးမှုရရှိခဲ့တဲ့ ဥပ္ပာယ်တံမျဉ်ဇာတ်ကားလေးကိုတော့ ပရိတ်သတ်တွေအားလုံး ကြည့်ရှုးပြီးသားဖြစ်ကြမယ်ထင်ပါတယ်။ ဥပ္ပာယ်တံမျဉ်ဇာတ်ကားလေးဟာ မြန်မာရုပ်ရှင်လောကထဲကို တစ်မှုထူးတဲ့အသွင်နဲ့ပရိတ်သတ်တွေရင်ကိုဖမ်းစားနိုင်ခဲ့တာ အခုဆိုရင် ရုံတင်ရက်(၆)ပတ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ရုပ်ရှင်လောကမှာ တကယ်ကိုမထင်မှတ်လောက်တဲ့ အောင်မြင်မှုတစ်ခုပါဘဲ။

ဥပ္ပာယ်တံမျဉ်ဇာတ်ကားအဖွဲ့သားတွေဟာ ဇာတ်ကားရုံတင်နေစဉ်အတွင်း ကြည့်ရှုသူပရိတ်သတ်တွေကို ရင်းနှီးစွာလာရောက်တွေ့ဆုံမှုတွေ ပြုလုပ်ပေးပြီး ပရိတ်သတ်တွေအာရုံကို ထပ်မံဖမ်းစားခဲ့ပါသေးတယ်။ ဇာတ်ကားအတွက် Promotion တွေ ပြီးစီးသွားတဲ့နောက်မှာ စွန့်ပစ်ကလေးတွေအတွက် လှုပ်ရှားမှုတစ်ရပ်ဖြစ်တဲ့ စွန့်ပစ်ကလေးကာကွယ်တားဆီးရေးနဲ့ စောင့်ရှောက်ရေး အခမ်းအနားကို့ မော်လမြိုင်တက္ကသိုလ်မှာ ဖေဖော်ဝါရီ ၁၇ မှာပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဥပါယ်တံမျဉ်ရုပ်ရှင်ကားဟာ ကြည့်ပြီးသူတိုင်း တသသနဲ့ ပြောကျန်ရစ်တဲ့ ဇာတ်ကားလေးအဖြစ် နာမည်တွင်ခဲ့ပါတယ် ။ 

ယခု တစ်ပါတ် တွင် ရရှိမှာဖြစ်တဲ့ JCGV ရုံဝင်ခ အကျိုးအမြတ်များ ကို ကလေးသူငယ်များဖွံ့ဖြိုးရေးနှင့် မိဘမဲ့ ကျောင်း များသို့ လှုဒါန်း သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ပထမဆုံးရိုက်ကူးထားတဲ့ မုဒ္ဒြာခေါ်သံ ဇာတ်ကားကိုလည်း အမြန်ဆုံးရုံတင်ခွင့်ရဖို့ ပရိတ်သတ်တွေက ဝိုင်းဝန်းတောင်းဆိုနေကြပြီး Facebook မှာတင်ထားတဲ့ ဇာတ်ကားရဲ့ Trailer လေးကိုတောင် ကြည့်ရှုသူ 3 သိန်းကျော်နေခဲ့ပါပြီဖြစါပါတယ်။ မုဒြာခေါ်သံဇာတ်ကားကိုလည်း အားပေးဖို့ ပရိတ်သတ်တွေနဲ့ အတူစောင့်မျှော်နေပါတယ်နော်။

source - Deception - ဥပါယ္တံမ်ဥ္

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။