တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော် ဖြိုးပြည့်စုံကတော့ ဘန်ကောက်မှာ ခွဲစိတ်ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်..။

သည်းခြေမှာ ကျောက်တည်နေတာ ဖြစ်လို့ ခွဲစိတ်ပြီး သည်းခြေကျောက် ထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်..။

သူ ဖေ့စ်ဘွတ်ပေါ်ကနေ ရက်အတော်ကြာ ပျောက်နေခဲ့တာဟာ ကျန်းမာရေး ကုသမှုခံယူနေရလို့ ဖြစ်ပြီး အစစအရာရာ စိတ်ပူပေးကြတဲ့ မိသားစု၊ မိတ်ဆွေသူငယ်ချင်းနဲ့ ပရိသတ်တွေအားလုံးကို သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ကျေးဇူးတင်စကားဆိုထားတာလည်း တွေ့ရပါတယ်..။

သီချင်းတွေနဲ့ ဝေးနေရတဲ့အတွက် စိတ်မကောင်းဖြစ်နေပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပြီးသွားရင်လည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်..။

“ဒီရက်ပိုင်း Facebook နဲ့အဆက်အသွယ် ပျက်.. ကျနော့် သည်းခြေကျောက်ထုတ်တဲ့ကျန်းမာရေး ကုသမှု တခု ခံယူနေရလို့ပါ... ဒီမနက်ခင်းတော့ တော်တော် သက်သာ သွားပီမို့ ဘော်ဒါတွေ လာ Hi တာ... Follow up တစ်ပတ် စောင့်ကြည့်ပီးမှ ပြန်လာလို့ရမှာပါ...

အစစအရာရာ စိတ်ပူပေးတဲ့ မိသားစုတွေ ၊ ဘော်ဒါ တွေ ၊အမျိုးတွေ အယောက်ချင်း ဆီ ကို ကျေးဇူးတင်ပါတယ် ခင်မျ... ပိုကျန်းမာအောင် ကြိုးစားပါ့မယ်..

သီချင်းတွေ နဲ့လည်းဝေးနေရတော့ စိတ်တော့ မကောင်းဘူးပေါ့..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာလည်း ပရိသတ်များနဲ့ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေကလည်း ကျန်းမာရေး အမြန်ပြန်ကောင်းလာစေဖို့ ဆုတောင်းအားပေးစကားများလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Source - ဖြိုးပြည့်စုံ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။