ဂေါ်ရခါးသီး ဟာလူသားတွေကျန်းမာစေဖို့ အထောက်ကူပြုပေးပါတယ်။ ဂေါ်ရခါးသီးထဲမှာ ကစီဓာတ်၊ ပရိုတင်း၊ အမျှင်ဓာတ်၊ ဖောလိပ် ၊ပန်တိုသနစ်အက်ဆစ်၊ သီအာမင်၊ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဗီတာမင်ကေ၊ ပိုတက်စီယမ်၊ ကယ်လ်စိ်ယမ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ တို့် ပါဝင်တဲ့အသီးဖြစ်တဲ့အတွက် ကျန်းမားစေပြီး ကိုလက်စထေရောကိုလည်း လျောချပေးပါတယ်။ ဂေါ်ရခါးသီးထဲမှာပါရှိတဲ့ ဖောလိပ်ဓာတ်ဆိုလိုရှိရင် သွေးထဲဆဲလ်များနှင့် DNA ဖွဲ့စည်းတည်ဆောက်မှုကို အထောက်ကူပြုပြီး မွေးဖွားလာတဲ့ ရင်သွေးငယ်ကို မွေးရာပါအာရုံကြောပြသာနာများမှ ကင်းဝေစေပါတယ်။

ပေါင်မပြည့်ခြင်း တို့ကင်းဝေစေပြီး သားသမီးယူရန်ကြိုးစားနေတဲ့ မိခင်လောင်းများ ကိုယ်ဝန်ဆောင်စဉ် ကပင်နို့ချိုတိုက်တဲ့အချိန်ထိ ဂေါ်ရခါးသီးကို စားပေးသင့်ပါတယ်။ အရွယ်ရောက်တဲ့ လူငယ်တွေအနေဖြင့် ဖောလိပ်အက်ဆစ်ကြွယ်ဝတဲ့ ဂေါ်ရခါးသီးကို မှန်မှန်စားပေးဖို့တိုက်တွန်းချင်ပါတယ်။ရေဓာတ် ၉၄ ရာခိုင်နှုန်းပါရှိပြီး အမျှင်ဓာတ်တို့လည်း စုဝေးနေတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ ကိုလက်စထရောကို လျော့ချ ပေးတဲ့အတွက် ဝိတ်ချနေတဲ့သူတွေ စားပေးသင့်ပါတယ်။အစာအိမ်၊ ရင်သား၊ မျိုးဥ၊ သားအိမ်၊ အူမကြိး ၊အဆုတ်ကင်ဆာဆဲလ်တွေကြီးထွားမှုကို ဟန့်တားစေပါတယ်။

ဂေါ်ရခါးသီးကို အရွယ် (၃)ပါးမရွေးစားသုံးနိုင်ပါတယ်။ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးတဲ့အတွက် စားကိုစား ပေးသင့်ပါတယ်။အရိုးပွခြင်းကိုကာကွယ်ပေးပါတယ်။ အောက်စီဂျင်ကိုဦးနှောက်သို့ရောက်အောင် ပို့ဆောင် နိုင်စွမ်းရှိလို့ မှတ်ဉာဏ်ကိုတိုးတက်စေပါတယ်။ ဂေါ်ရခါးသီးကိုမှန်မှန်စားပေးပါက ခြေသလုံးကြွက်သားများ ကြွက်တက်ခြင်းကို ကာကွယ်ပေးပါတယ်။ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ဂေါက်ရောဂါ သမားများအတွက် စားပေးသင့်ပါတယ်။နှလုံးရောဂါ သာမက လေဖြတ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ကျောက်ကပ်ထဲ ရှိတဲ့ဆိီးကျောက်တွေကို ကျေစေတဲ့ သီးနှံတစ်ခုလည်းဖြစ်ပါတယ်။ အားလုံးကျန်းမာရွင်းလန်းကြပါစေ။

Source : pauk pauk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။