အမေရိကန်ရက်ပါအဆိုတော် ခရစ်(စ်)ဘရောင်းဟာ မနေ့ကကျရောက်တဲ့ အဆိုတော် ရီဟားနားရဲ့ မွေးနေ့မှာ သတိတရနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တယ်လို့သိရပါတယ်။

အတိတ်မှာ နာကျည်းဖွယ် ပတ်သက်မှုတွေရှိခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းက တစ်ခန်းရပ်ခဲ့တာတော့ကြာပါပြီ။

ခရစ်ဘရောင်းတစ်ယောက် အချစ်ဟောင်း ရီဟားနားအပေါ် သံယောဇဉ်မကုန်သေးလို့များလား ဆိုပြီး ပရိသတ်တွေအတွက် မေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်။

ကမ္ဘာကျော်ပေါ့ပ်အဆိုတော် သရုပ်ဆောင် ရီဟားနားဟာ မနေ့က အသက်(၃၀)ပြည့်ခဲ့တာဖြစ်ပြီး အင်စတာဂရမ်မှာ ချစ်သူခင်သူပရိသတ်အပေါင်းက မွေးနေ့ဆုမွန်ကောင်းတွေအသီးသီးပေးပို့ခဲ့ကြပါတယ်။

အဲ့ဒီထဲမှာ ခရစ်ဘရောင်းတစ်ယောက်လည်း အင်စတာဂရမ်ကနေတစ်ဆင့် ရီဟားနားရဲ့ ကလေးဘဝ ပုံလေးတစ်ပုံတင်ပြီး Happy Birthday Badgalriri ဆိုတဲ့စာလေးရေးသားခဲ့ပါတယ်။

Follower 42 သန်းရှိတဲ့ ခရစ်ဘရောင်းစ်ရဲ့ မွေးနေ့ဆုတောင်းအပေါ် လူမှုကွန်ရက်ပေါ်က ပရိသတ်တိုင်း အံ့အားသင့်ခဲ့ရပါတယ်။

လက်ရှိမှာတော့ နာမည်ကြီးအဆိုတော် ရီဟားနား ဟာ ဘီလျံနာသူဌေးတစ်ယောက်နဲ့ တွဲခုတ်နေပြီး အချစ်သစ်နဲ့ နေသားကျနေပြီဖြစ်ပါတယ်။

သူငယ်ချင်းတွေအဖြစ်နဲ့ ရှိနေကြတဲ့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကိုတော့ ပရိသတ်တွေက စိတ်ဝင်စားနေကြတုန်းပါပဲ။

Source : Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။