ဒီအချက်တွေတော်တော်များများနဲ့ ကိုက်ညီနေပြီဆိုရင်တော့ တကိုယ်တည်းသမားအပျိုကြီး ဖြစ်မယ့် ၈၀% လောက်သေချာနေပြီနော် ။

ကြည့်ရအောင် ဘယ်လိုအချက်တွေများလဲ ??

(၁) မိသားစုနဲ့ သူငယ်ချင်းတွေရှိရင် ပြည့်စုံပြီလို့ ထင်နေတဲ့သူ ။

(၂) အဆင်ပြေနိုင်မယ့်သူကို အရွေးလွန်နေတဲ့သူ ။

(၃) ချစ်ကြိုက်မယ့်သူတွေရဲ့ အားနည်းချက်တွေကို လက်မခံနိုင်တဲ့သူ ။

(၄) လက်မတွဲရသေးဘူး အနာဂတ်ဆိုတာအတွက် စိုးရိမ်ပူပန်လွန်းနေတဲ့သူ ။

(၅) စနောက်တာတွေကို စပ်စပ်ထိမခံ စွာတေးလန်နေတဲ့သူ ။

(၆) အတွဲပုံတွေမြင်တိုင်း မျက်စိနောက်စရာ ရှက်စရာလို့ ထင်နေတဲ့သူ ။

(၇) တိရိစ္ဆာန်လေးတွေကို အချစ်ကြီးကြီးတဲ့သူ ။

(၈) ကိုယ့်ကိုကိုယ် ရှိသင့်တဲ့ ယုံကြည်မှုထက် ပိုလွန်နေတဲ့သူ ။

(၉) မာနဆိုတာမျိုးကို အရမ်းသုံးစွဲသူ ။

(၁၀) စကားကို ဘုကလန့်နဲ့ ခပ်ပြတ်ပြတ် ပြောတက်သူ ။

ကဲ….ဘယ်လိုလဲ?? တိုက်ဆိုင်မှုရှိနေပြီလား ?

သင်ကိုယ်တိုင်က မတိုက်ဆိုင်ဘူးဆိုရင်လည်း မိသားစုတွေ သူငယ်ချင်းတွေ ထဲမှာ ဒီလိုတကိုယ်တည်းဖြစ်မယ့်သူတွေရှိနေလားဆိုတာ ပြောပြလိုက်ပါအုံးနော် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။