ဉာဏ်ရည်တုနည်းပညာကိုနယ်ပယ်ပေါင်းစုံမှာအသုံးချနေကြပါတယ်။ ဒီနည်းပညာပါတဲ့ စမတ်ဖုန်းများ၊ ကားများ၊ ကင်မရာများကိုတီထွင်နေကြ ပါတယ်။ အခုတော့ ဂူဂယ်လ်ကဉာဏ်ရည်တုနည်းပညာဖြင့် နှလုံးရောဂါကို ကြိုတင်ခန့်မှန်းတဲ့ နည်းလမ်းကို ပြသလိုက်ပါတယ်။ ကုမ္ပဏီအသစ် ဖန်တီးထားတဲ့ AI Program က လူတွေရဲ့ မျက်လုံးမှ အဓိကအကြောင်း အရာများကိုရှာဖွေခြင်းဖြင့် နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ နှလုံးရောဂါ အထူးကု ဆရာဝန်များတောင် ဒီလိုမျက်လုံးကိုခွဲခြမ်း စိတ်ဖြာခြင်းဖြင့် နှလုံးရောဂါကိုခန့်မှန်းနိုင်ခြင်းမရှိပါဘူး။ 

ဂူဂယ်လ်ကသူ့ရဲ့ ဉာဏ်ရည်တုနည်းပညာမှာလူနာပေါင်း ၁၂၀၂၆ ဦးရဲ့ မျက်လုံးဒေတာများထည့်သွင်းထားပါတယ်။ သူကလူများရဲ့ မျက်လုံးဒေတာ များအားအဲဒီမျက်လုံးဒေတာများနဲ့ တိုက်ဆိုင်စစ်ဆေး၍ နှလုံးရောဂါများကို ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ တိကျမှုဟာ ၇၀ ကနေ ၉၇ ရာခိုင်နှုန်း အတွင်းမှာရှိတယ်လို့ သိရပါတယ်။

ဆရာဝန်များ အနေဖြင့် နှလုံးရောဂါကို ကြိုတင်ခန့်မှန်းရတာမလွယ်ကူ ပါဘူး။ အသက်အရွယ်၊ လိင်၊ ဆေးလိပ်သောက်ခြင်း၊ သွေးဖိအားနဲ့ အတိတ်မှ နှလုံးရောဂါ ပြဿနာများအပေါ်မူတည်၍ နှလုံးရောဂါကိုခန့်မှန်း ရတာ ဖြစ်ပါတယ်။ အခုလိုမျက်လုံးဒေတာများကိုခွဲခြမ်းစိတ်ဖြာ၍ စစ်ဆေးပေးခြင်းဟာဉာဏ်ရည်တုနည်းပညာကသာ ပြုလုပ်ပေးနိုင်ပါတယ်

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။