တောင်ကိုရီးယားရဲ့ နာမည်ရမင်းသားတစ်လက်ဖြစ်တဲ့ Park Bo Gum ဟာ Love in the Moonlight ဇာတ်လမ်းတွဲမှာ မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။

နှုတ်ခမ်းနီမလေးတွေအသဲကျော် ပတ်ဘိုဂန်ဟာ (၂၀၁၅)ခုနှစ်က ရိုက်ကူးခဲ့တဲ့ Hello Moonster ဇာတ်ကားအပြင် Reply 1988 နဲ့လည်း ပရိသတ်အားပေးမှုတခဲနက်ရရှိခဲ့တာဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး ဖြူစင်တဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ မိန်းကလေးပရိသတ်တွေကို ဖမ်းစားထားနိုင်ခဲ့တဲ့ ပတ်ဘိုဂန်တစ်ယောက် ဖေဖော်ဝါရီလ(၂၁)ရက်နေ့က Myongji တက္ကသိုလ်မှာ ဘွဲ့ယူခဲ့တယ်လို့သိရပါတယ်။

သူဟာ (၂၀၁၄)ခုနှစ်ကထဲက စပြီး အဆိုပါတက္ကသိုလ်မှာ Musical Theatre မေဂျာကို လေးနှစ်တာ လေ့လာဆည်းပူးခဲ့တာဖြစ်ပြီး အခုဆိုရင် ဘွဲ့နှင်းသဘင်အခမ်းအနားကိုတောင် တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ပတ်ဘိုဂန်ဟာ ဘွဲ့နှင်းသဘင်အခမ်းအနားမစခင်မှာ “ကျွန်တော့်ရဲ့ဘွဲ့ယူတဲ့အခမ်းအနားကို တကုတကလာရောက်ပေးသူတွေကို ကျေးဇူးတင်ပါတယ် ဘွဲ့ယူဖို့ စိတ်တွေအရမ်းလှုပ်ရှားခဲ့တယ် လေးနှစ်တာအတွင်း ပညာတွေအများကြီးရခဲ့တယ် ကျွန်တော့်ရဲ့ အတန်းဖော်သူငယ်ချင်းတွေ ၊ စီနီယာ ဂျူနီယာတွေနဲ့ ပါမောက္ခတွေအားလုံးကို ဒီနေရာကနေ ကျေးဇူးတင်ပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။

အသက်(၂၄)နှစ်ရှိပြီဖြစ်တဲ့ ဘိုဂန် တစ်ယောက် သူ့ရဲ့အရပ်အမောင်းနဲ့ ဘွဲ့ဝတ်စုံနဲ့ ဘယ်လောက်တောင် ချစ်ဖို့ကောင်းနေလဲဆိုတာ ကြည့်လိုက်ပါဦးပရိသတ်ကြီးရေ။  

Source :Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။