လတ်တလောမှာ Instragram ကနေတင်ပေးလိုက်တဲ့ ဗီဒီယိုလေးတစ်ခုကြောင့် ပရိတ်သတ်စိတ်ဝင်စားမှုကိုများစွာခံနေရတာကတော့ တေးသံရှင်ပိုပိုပဲဖြစ်ပါတယ်။သူမရဲ့ gym ဆော့နေတဲ့ထို ဗီဒီယိုလေးကတော့ ကြည့်ရှုသူတွေအရမ်းကိုများပြားခဲ့ပါတယ်။ ပရိတ်သတ်တွေရော သူမရဲ့ ဗီဒီယိုလေးကိုကြည့်ပြီးကြပြီလား။

ပိုပိုကတော့ အခုနောက်ပိုင်းမှာ စတိုင်ကျတဲ့ ခန္ဓာကိုယ်လေးတစ်ခုကိုပိုင်ဆိုင်ထားပြီး သူမရွေးချယ်ဝတ်ဆင်တဲ့ဖက်ရှင်တွေနဲ့လဲ တကယ်ကိုအသားကျလိုက်ဖက်ညီမှုရှိလှပါတယ်။သူမကတော့အဖြူရောင်လေးတွေဝတ်ဆင်တိုင်းမှာလဲ စံပါယ်ပန်းလေးတစ်ပွင့်လို လှပတင့်တယ်လှပါတယ်။ အလှူအတန်းလေးတွေလဲမကြာခနပြုလုပ်တဲ့အတွက် ဒါနမိုးလေးတွေက အမြဲသွန်းဖြိုးရွာသွန်းနေပြီး ဘယ်လိုနေနေကို ချစ်ဖို့ကောင်းနေတော့တာပါပဲ။

ခုံလေးပေါ်ကနေ ဘေးနားက အပင်လေးတွေကိုငေးနေတဲ့ ပုံလေးတွေကိုကြည့်ပါဦး တကယ်ကိအပြစ်ကင်းစင်လှတဲ့ကလေးလေးလိုပါပဲ။ပြည့်ပြည့်လေးနဲ့ ကိတ်တဲ့ သူမရဲ့ ခန္ဓာကိုယ်လေးကတော့ ဘာလေးဝတ်လိုက်ဝတ်လိုက် တကယ်ကိုလိုက်ဖက်နေတော့တာပါပဲ။ပရိတ်သတ်တွေအတွက် ချစ်စရာအရမ်းကောင်းလှတဲ့ သူမရဲ့ပုံရိပ်လေးတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ 

Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။