လူကြမ်းသရုပ်ဆောင်နိုင်လူကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ သူရဲ့ဖခင်ဖြစ်သူကို သရုပ်ဆောင်ဦးကြူးမားကို သတိရတဲ့စာသားလေးကို ရေးသားခဲ့ပါတယ်။ ပရိသတ်တော်တော်များများကတော့ သူရဲ့အဖေ့ဖြစ်သူဟာ ဦးကြူးမားဖြစ်မယ်ဆိုတာ ဘယ်သူမှသိသေးမှာ မဟုတ်ပါဘူး။

သူရဲ့ဖေ့စ်ဘုတ်မှာတော့ အခုလိုပဲ ရေးသားခဲ့ပါတယ်

" သရုပ်ဆောင်ဦးကြူးမားသို ့မဟုတ်ကျွန်တော်၏ဖခင်

ဦးစိန်တင့်(အထက်တန််းရှေ့နေ)

တခေတ်တစ်ခါလွန်ခဲ့သော၁၀စုနှစ်များကအနုပညာ

လောကတွင်သရုပ်ဆောင်မှု အတတ်ပညာဖြင့်

ပြည်သူလက်ခံခဲ့သောသူသည်ကျွန်တော်၏အဖေဖြစ်

သည်အထက်တန်းရှေ့နေဘဝဖြင့်မိသားစုတာဝန်ကို

ယူကာကျွေးမွေးစောင့်ရှောက်ရင်းဝါသနာပါရာအနု

ပညာလောကကိုဝင်ရောက်ခဲ့သော်လည်း၁၉၇၅ခုနှစ်

လောက်တွင်ရပ်နားခဲ့ပြီး၁၉၉၉ခုနှစ်တွင် ဦးကြူးမား

ဆိုသောအမည်ဖြင့်ပြန်လည်ဝင်ရောက်လာခဲ့သည်

ဇာတ်ပို ့နေရာတွင်ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်

ဆောင်နိုင်မှုတို ့ကြောင့် နာမည်ရလာကာဗီဒီယိုဇာတ်

ကားပေါင်းများစွာရုပ်ရှင်ဇာတ်ကားများစွာရိုက်ကူးခဲ့ပါ

သည်/စာပေ/မဂ္ဂဇင်း/ဂျာနယ်များတွင်မြင့်လူဆိုသော

ကလောင်နာမည်ဖြင့်ရေးသားခဲ့ပါသည် စံပြကြက်ခြေနီ

ရရှိခဲ့သူတစ်ဦးလည်းဖြစ်ပြီးသူကွယ်လွန်သွားချိန်တွင်

တော့သူချစ်သောပြည်သူများသိပ်မသိလိုက်ကြပါ

မိသားစုအပေါ ်တွင်တာဝန်ကျေခဲ့သောအဖေ

အခုအချိန်အဖေအနားမှာမရှိတော့ပေမဲ့အဖေရဲ့သွေး

အဖေချစ်သောအနုပညာသွေးကတော့ကျွန်တော့

ကိုယ်မှာစီးဆင်းနေလျှက်ပါအဖေ အဖေ ့ကိုနေ ့စဉ်

သတိရလျှက်ပါအမေ ့ကိုလည်းနေ ့စဉ်တမ်းတလျှက်ပါ

လူမှန်းသိတတ်စအရွယ်တည်းကလက်နဲ ့တောင်မရွယ်

မရိုက်ခဲ့သောအဖေပါတစ်ခါတလေမိုးလင်းပေါက်

အောင်စကားတွေထိုင်ပြောခဲ့ပြီးပြောဆိုဆုံးမခဲ့တာ

တွေကိုအမြဲသတိရလျှက်ပါအဖေပြ ုသမျှကုသိုလ်

ကောင်းမှု မှန်သမျှကိုအဘိုးအဘွားများနှင့်တကွ

အဖေနဲ့အမေ ့ကိုအမျှအတန်းပေးဝေလျှက်ပါအဖေ 

တစ်ခါတလေသမီးလေးခေတ်ဆည်းဆာဟာ

အဖေများပြန်ဝင်စားသလားလို ့တောင်ထင်နေမိတယ်

မကြာသောနှစ်အတွင်းမှာအဖြေမှန်တော့သိရတော့မယ်

တကယ်လို ့များအဖေသာသမီးလေး ခေတ်ဆည်းဆာ

အဖြစ်ပြန်ဝင်စားတယ်ဆိုရင်ဖြင့်

အဖေနဲ ့ကျွန်တော်မိုးလင်းပေါက်စကားတွေထိုင်ပြော

ပြစ်တော့မှာပါအဖေ

နိုင်လူ ” ဆိုပြီးရေးသားခဲ့ပါတယ်။ သူကတော့ သူရဲ့ရင်တွင်းခံစားချက်ကို ဖခင်ဖြစ်သူရဲ့အကြောင်းတွေနဲ့အတူ ရေးသားမျှဝေထားပါတယ်။ 

source - Naing Lu fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။