ပြီးခဲ့တဲ့တစ်လကမှ ငယ်ချစ်ဟောင်းနဲ့ စေ့စပ်ထားတဲ့ ဗြိတိန်အဆိုတော် အက်ဒ်ရှ်ရန်ဟာ လက်တလောမှာတော့ တိုးတိုးတိတ်တိတ် လက်ထပ်လိုက်ပြီဆိုတဲ့ သတင်းတွေပါ ထပ်မံထွက်ပေါ်နေပါတယ်။

ဗြိတိန်ရဲ့ နာမည်ကြီးအဆိုတော် အက်ဒ်ရှ်ရန်ဟာ မနေ့က ပြုလုပ်တဲ့ စတိတ်ရှိုးပွဲမှာ လက်စွပ်တစ်ကွင်း ၀တ်ထားခဲ့တာမို့ သူ့ရဲ့ ချစ်သူကောင်မလေး Cherry Seaborn နဲ့များ လက်ထပ်လိုက်ပြီလားလို့ သတင်းတွေထွက်ပေါ်နေပါတယ်။

The Shape Of You သီချင်းနဲ့ နိုင်ငံတကာက ပရိသတ်တွေရဲ့အားပေးမှုများစွာရရှိထားတဲ့ အက်ဒ်ရှ်ရန်ဟာ နှစ်သစ်မှာ သူ့ရဲ့အချစ်ဦးနဲ့ စေ့စပ်ကြောင်း ပရိသတ်ကိုအသိပေးခဲ့ပြီးဖြစ်ပါတယ်။

ချစ်သက်တမ်းတွေများစွာဖြတ်ကျော်လာတဲ့ သူတို့စုံတွဲဟာ ပရိသတ်တွေကြားမှာ Happy Couple ဆိုတဲ့ ဂုဏ်ပုဒ်လေးရရှိထားတာဖြစ်ပါတယ်။

ငွေဖြူရောင် လက်စွပ်လေးဝတ်ဆင်ထားတဲ့ အက်ဒ်ရှ်ရန် ရဲ့ မင်္ဂလာသတင်းက အတိအလင်းချပြထားခြင်းမရှိသေးပေမယ့်လည်း တွစ်တာမှာတော့ ပရိသတ်တွေက ဂုဏ်ပြူစကားတွေအသီးသီး ပြောထားကြပါတယ်။

သူတို့စုံတွဲဟာ ကျောင်းသားဘဝထဲက ချစ်ကျွမ်းဝင်ခဲ့တာဖြစ်ပြီး ယနေ့အချိန်ထိ အရမ်းချစ်ကြတဲ့ စုံတွဲလေးပါပဲ။ 

Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။