မစင်စွန့်တဲ့အကြောင်းကတော့ လူသားတွေအပါအဝင် တိရစ္ဆာန်လေးတွေလည်း ရှောင်မရတဲ့ ကြီးလေသော ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ဒီကိစ္စပြောလိုက်ပြီးဆိုရင် လူတွေက ရွံသလိုလို ကြောက်သလိုလို နဲ့ တစ်ကယ် တော့ဝမ်းတစ်လုံးကောင်း ခေါင်းမခဲစေရ ဆိုတဲ့စကားအတိုင်း ဒီကိစ္စကအရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ လူးသားတွေ မစင်စွန့်ကြာရာတွင် ခတ်နဲ့အညီပြောင်းလဲလာကြပြန်တယ်။ ငယ်ငယ်တုန်းကဆိုတစ်မျိုးပေါ့ အခုကြီးပြိ်းခေတ်တွေပြောင်းလာတော့လည်း တစ်မျိုးဖြစ်သွားပြန်ရော။

သိပ္ပံပညာရှင်တွေကတော့ မစင်စွန့်တဲ့အခါ (သို့မဟုတ်) အရပ်စကားအရ အိမ်သာတက်တဲ့အခါ ငုတ်တုတ် ထိုင်ပြီး ကျန်းမာရေးအရ မှားယွင်းနေပါတယ်နော်။ ငုတ်တုတ်ထိုင်ခြင်းကြောင့် မစင်စွန့်ရာတွင်အနှောက် ယှက်ဖြစ်စေပြီး အချိန်ကြာမြင့်စေပါသတဲ့ ။ အကောင်းဆုံးနည်းလမ်းကတော့ ကျန်းမာရေးနှင့်လည်း ညီမျှတဲ့ ဆောင့်ကြောင့်ထိုင်ပြီး အိမ်သာတက်ခြင်းပဲဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ လိပ်ခေါင်းရောဂါ၊ ဝမ်းပျက် ဝမး်လျှောရောဂါ ၊အူမကြီးအတွင်းမှာ နာကျင်မှုတေါကို ပိုခံစားရလည်းရှိကြပါတယ်။ အိမ်သာတက်တဲ့ အနေ ထားကြောင့်လို့ဆိုပါတယ်။

ဆောင့်ကြောင့်ထိုင်တက်တဲ့ သူတွေဟာဝမ်းပျက်ဝမ်းလျောမဖြစ်သလို၊ လိပ်ခေါင်းပြသာနာကို်လည်း မဖြစ်စေပါဘူး။ အူလမ်းကြောင်းကိုအန္တာရယ်ကင်းစေပါတယ်။ အစာချေဖျက်အပြိးမှာ အကြွင်းကျန်တွေကို စွန့်ထုတ်ဖို့ အူလမ်းကြောင်းဟာ မတ်တပ်ရပ်ချိန်နှင့် ထိုင်နေစဉ်အတွင်း မစင်စွန့်ဖို့ မဟပေးနိုင်ပါဘူး။ ဆောင့်ကြောင့်ထိုင်ခြင်းကသာ အကြွင်းကျန်တွေကို စွန့်ထုတ်ဖို့အကောင်းဆုံးအနေထားဖြစ်ပါတယ်။ ဒါကြောင့်မိတ်ဆွေတို့လည်း ဘယ်လိုပုံစံနှင့် အိမ်သာတက်ရင် ပိုအဆင်ပြေလဲဆိုတာ စဉ်စားကြပါလော့ ။အားလုံးပဲကျန်းမာကြပါစေ။

Source : Dailymail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။