အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်စိတ်ဝင်စားမှုများစွာရရှိနေတဲ့ နာမည်ကျော်မိတ်ကပ်ပညာရှင် မေဦးတို့စုံတွဲကတော့ နှစ်ကိုယ်တူခရီးထွက်နေတဲ့ငပလီကမ်းခြေက ပုံအသစ်တွေကို ထပ်မံတင်ပေးလိုက်ပြန်ပါတယ်။

မြန်မာပြည်ရဲ့ ချစ်စရာအကောင်းဆုံးလိင်တူစုံတွဲလေးဖြစ်တဲ့ မေဦး နဲ့ ဟန်လင်းတို့ စုံတွဲလေးဟာ လွန်ခဲ့တဲ့ တစ်ရက်ကျော်ထဲက ငပလီကမ်းခြေကို နှစ်ယောက်သားအပန်းဖြေခရီးထွက်နေတာဖြစ်ပါတယ်။

သာမန်စုံတွဲတွေထက်တောင် ပိုချစ်ကြတဲ့ မေဦး တို့စုံတွဲဟာ ပြီးခဲ့တဲ့ ချစ်သူများနေ့တုန်းကလည်း သူမရဲ့ ချစ်သူဟန်လင်းကို ရိုမန့်တစ်ဆန်ဆန် Surprise လုပ်ခဲ့သလို တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ချစ်သက်လက်ဆောင်တွေပေးရင်းချစ်ကြပုံက အားကျစရာကောင်းလှပါတယ်။

လက်တလောမှာတော့ သူတို့ချစ်သူနှစ်ဦးသား ငပလီကမ်းခြေမှာ အပန်းဖြေနေတဲ့ ခရီးသွားပုံရိပ်တွေကို မေဦးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ မျှဝေထားတာတွေ့ရပါတယ်။

ခရီးတွေအတူတူထွက်တိုင်း အဝတ်အစားဆင်တူလေးတွေ ၀တ်လေ့ရှိတဲ့ သူတို့စုံတွဲကတော့ အခုတစ်ခေါက် ငပလီခရီးစဉ်မှာလည်း လိုက်ဖက်ညီအောင် ၀တ်ဆင်ထားကြပါတယ်။

သူတို့စုံတွဲချစ်လိုက်ပုံကတော့ သဘာဝတရားနဲ့ ဆန့်ကျင်တယ်လို့ ဝေဖန်မှုတွေခံနေရပေမယ့်လည်းလူမှုကွန်ရက်မှာတော့ သူတို့ကို စိတ်ဝင်တစားစောင့်ကြည့်နေရတဲ့ ပရိသတ်ကလည်း ဒုနဲ့ဒေးပါပဲ။

ပရိသတ်ကြီးရေ မေဦးတို့ နှစ်ယောက် အပြတ်လန်းနေပုံကိုကြည့်ပြီး အားကျသွားပြီလား 

Source : MayOo fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။