တေးသံရှင်မနောကတော့ ဗိုလ်အောင်ဒင်သီချင်းလေးနဲ့ တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားသွားခဲ့တဲ့ သူပဲဖြစ်ပါတယ်။မနောရဲ့ တေးသီချင်းလေးတွေကလည်း လူကြီးလူငယ်အရွယ်မရွေး ကြိုက်နှစ်သက်အားပေးနေ ကြရတာပဲဖြစ်ပါတယ်။သူဖန်တီးထားတဲ့တေးသီချင်းလေးတွေလည်း ပရိသတ်တွေ ပါးစပ်ဖျားမှာစွဲနေခဲ့ပြီး ပရိသတ်အချစ်တွေနဲ့ အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။ 

လက်တလောလူမှု့ကွန်ယက်မှာလည်း မနောရဲ့တေးသီချင်းတစ်ကပုဒ်ကလည်း အရမ်းကိုဟော့ဖြစ်နေပါတယ်။ မကြာခင်မှာကျရောက်တော့မယ့် မြန်မာတို့ရဲ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတွက် ရေးစပ်သီဆိုထားတဲ့ သင်္ကြန် သီချင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီသီချင်းဗီဒီယိုဖိုင်လေးကတော့ လူမှုကွန်ယက်မှာတင်ပြီး နာရီပိုင်းအတွင်းမှာတင် ကြည့်ရှု့သူ (၄)သိန်းကျော်နဲ့ Share တဲ့လည်းသောင်းကျော်ရှိလာခဲ့ပါတယ်။

မနောရဲ့အမာခံပရိသတ်တွေကတော့ သီချင်းလေးကိုအရမ်းကိုနှစ်သက်နေကြပြီး ချီးကျူးစကားလေးတွေကို လည်း ဗီဒီယိုလေးရဲ့ပိုစ်အောက်မှာရေးသားနေကြတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေ သဘောကျနေတဲ့သီချင်း လေးရဲ့နာမည်လေးကတော့ နှစ်ကူးသက်သေလို့အမည်ရပြီး မနောရဲ့ အသံချိုချိုလေးနဲ့အရမ်းကိုလိုက်ဖက် လှပါတယ်။နောက်ထပ်လည်း သင်္ကြန်မတိုင်ခင် သီချင်းအသစ်နှစ်ပုဒ်ကိုမျှဝေပေးအုန်းမှာဖြစ်တယ်လို့ ဆိုထား တာကြောင့်ပရိသတ်တွေဆက်လက်စောင့်မျှော်အားပေး ကြပါအုန်းနော်။  

သတင်းအရင်းအမြစ် - မနော 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။