အနုပညာသက်တမ်းတလျှောက်မှာ ကောင်းသတင်းများနဲ့သာ နာမည်ကြီးလာတဲ့ ဝါရင့်မင်းသမီးချောလေး ခိုင်နှင်းဝေကိုတော့ ဒီနေ့မှာ အပြောင်းအလဲများစွာနဲ့ မြင်တွေ့လိုက်ရပါတယ်။

ခါတိုင်းသာမန်မြင်နေကျပုံစံများနဲ့ ကွဲထွက်ကာ အံ့သြလောက်အောင်လှနေတဲ့ ဆယ် ကျော်သက်လေးကောင်မလေးတစ်ယောက်ကို လှလွန်းနေတယ်ဆိုတာတော့ ဒီပုံ ကလေးတွေမြင်ရင် ပရိသတ်ကြီးလက်ခံမိမှာ အသေအချာပါပဲ ။

MRTV Entertainment ရဲ့ ကြည့်ရှုသူများတဲ့ Cele Chitchat ဆိုတဲ့အစီအစဉ်လေးကို သူမကသွားရောက်ခဲ့တာပါ။ အချိန်လှပြီး အမြန်ဖြေဆိုရတာမို့ အမှားတွေပါရင်လည်း မရယ်ပါနဲ့လို့ ချစ်စဖွယ်ရေးသားထားပါသေးတယ်။

ပရဟိတအဖွဲ့အစည်းလေးတစ်ခုကိုလည်း ဖွဲ့စည်းထားတဲ့သူမက အလှူရှင်လိုအပ်နေ တဲ့နေရာတိုင်းအတွက် အမြဲတမ်းအဆင့်သင့်ရှိနေသူတစ်ဦးပါ။

ကင်ဆာရောဂါခံစားနေရတဲ့ ကလေးငယ်လေးအတွက်ကိုလည်း သူမကအစမှအဆုံးတာဝန် ယူကာ ကုသပေးနေတဲ့ လေးစားစရာစိတ်ဓာတ်ပိုင်ဆိုင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဝါရင့်အနုပညာရှင်တစ်ဦးမို့ တက်သစ်စ အနုပညာရှင်လေးများကိုလည်း အမြဲတမ်း လက်တွဲ ခေါ်ယူပြီး အတွေ့အကြုံများကို ပြန်လည်မျှဝေတက်သူ သူမက ကောင်းသတင်းတွေ နဲ့သာ ကျော်ကြားသူဆိုတာ ပရိသတ်ကြီးလည်း လက်ခံမယ်ထင်ပါတယ်နော် ။

Source - Khin Hnin Wai FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။