ပရိသတ်တွေမျှော်လင့်နေတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ပုံရိပ်တွေက ထွက်ပေါ်လာပြန်ပါပြီ။

ကမ္ဘာတစ်လွှားက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုအထူးရရှိနေတဲ့ ကနေဒါအဆိုတော် ဂျက်စတင်ဘီဘာ နဲ့ ဆလီနာဂိုးမက်ဇ် တို့ စုံတွဲကတော့ အချစ်တွေတဖန်ပေါက်ဖွားလာကြတာပါ။

ဖေဖော်ဝါရီလ( ၂၁)ရက်နေ့က အပြင်မှာလွတ်လွတ်လပ်လပ် ကျင်းပတဲ့ ဘီဘာ ရဲ့ ဖခင် နောက်အိမ်ထောင်ပြုတဲ့နေ့လေးမှာ လူစုံတက်စုံနဲ့ အခုလို ကြည်ကြည်နူးနူးမြင်ကွင်းလေးတွေကို တွေ့ရတာဖြစ်ပါတယ်။

မင်္ဂလာပွဲနေ့လေးမှာ အားလုံးရဲ့ စိတ်ဝင်စားခံရတာကတော့ ဂျက်စတင်ဘီဘာနဲ ဆလီနာတို့နှစ်ယောက်ပါပဲ။

ချစ်စရာကောင်းပြီးလိုက်ဖက်ညီတဲ့ ကမ္ဘာကျော်စုံတွဲလေးဖြစ်တဲ့ ဘီဘာနဲ့ ဆလီနာတို့ ချစ်သူနှစ်ဦးဟာ မိသားစုတွေရှေ့မှာပဲ ပွေ့ဖက်ကာ အနမ်းတွေခြွေခဲ့ကြတာကိုတွေ့ရပါတယ်။

အချစ်တွေပြန်ပေါက်ဖွားလာပြီးနောက်မှာ နှစ်ယောက်သားအချိန်တိုင်းအတူတူရှိဖြစ်ကြတဲ့ သူတို့စုံတွဲဟာ လက်တလောမှာတော့ ကမ်းခြေဝတ်စုံကိုယ်စီ ၀တ်ဆင်ထားကြပါတယ်။

ပုံမှာမြင်တွေ့ရတဲ့အတိုင်းဆိုရင် ဘီဘာက ဘောင်းဘီ အဖြူရောင်လေးနဲ့ အပေါ်ပိုင်းမှာတော့ အကျင်္ီဝတ်ဆင်ထားခြင်းမရှိပဲ ဆလီနာကလည်း ပေါ့ပါးတဲ့ ကမ်းခြေဂါ၀န်လေးကို ၀တ်ဆင်ထားပါတယ်။

သူတို့နှစ်ဦး ဟာ စကားတွေဖောင်ဖွဲ့ကြည်နူးရင်း အပြန်အလှန်အနမ်းခြွေနေပုံတွေကို ပါပါရာဇီတွေက အမိအရရိုက်ယူထားခဲ့ပါတယ်။

Broken Family ကနေ ကြီးပြင်းလာခဲ့တဲ့ ဘီဘာကို ဆလီနာရဲ့ မိဘတွေဘက်က အပြည့်အဝသဘောတူခြင်းမရှိသေးပေမယ့် ဘီဘာရဲ့ မိသားစုကတော့ ဆလီနာ ကိုမိသားစုဝင်အဖြစ် သတ်မှတ်ထားပြီးသားဖြစ်ပါတယ်။

Source : mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။