ဖေဖော်ဝါရီ ၁၈ ရက်နေ့မှ စတင်ပြေးဆွဲလျက်ရှိတဲ့ YBSယာဉ်လိုင်းအမှတ်(၇၈) ယာဉ်လိုင်းအသစ်ကြောင့် ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေလာတယ်လို့ သိရပါတယ်။အဆိုပါ ယာဉ်လိုင်းအသစ်ကတော့ ရန်ကုန် ရွှေပြည်သာမြို့နယ် လိန်ကုန်းမှစ၍ မြို့လယ်ရှိ ဆူးလေ၊ ရန်ကုန်ဘူတာကြီးအထိ ပြေးဆွဲလျက်ရှိတာပဲ ဖြစ်ပါ တယ်။ယာဉ်စီးခနှုန်းထားများကိုတော့ ရွှေပြည်သာ လိန်ကုန်းမှ ဘုန်းကြီးလမ်း စံပြရုပ်ရှင်ရုံ မှတ်တိုင်အထိ ကား ခကျပ် ၂ဝဝ ဖြစ်ပြီး စံပြမှ မဟာဗန္ဓုလလမ်းအတိုင်း မြို့လယ် ဆူးလေ၊ ဘူတာကြီးအထိကို တစ်ရာ ကျပ်ဖြစ် ကာမြို့တွင်းမှ ပြန်ထွက်ရာတွင် အနော် ရထာလမ်းမအတိုင်း ပြန်ထွက်ပြီး ကားခမှာ စံပြအထိ ၁ဝဝ ကျပ်နှင့် စံပြမှ လိန်ကုန်း အထိ ၂ဝဝ ကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ 

ယခင်ကတော့ ရန်ကုန်မြို့လယ်အထိ ဝင်ရောက်ပြေးဆွဲသော ခရီးရှည်ယာဉ်လိုင်းမှာ မှော်ဘီ၊ ထောက်ကြံ့ မှ ဆူးလေးအထိ ပြေးဆွဲတဲ့ အမှတ်(၃၇) တစ်လိုင်းသာရှိခဲ့တာပဲဖြစ်ပါတယ်။အင်းစိန်ဘက်မှလာသော ယာဉ်လိုင်း များဖြစ်သည့် (၂၁)၊ (၃၅)၊ (၃၉) တို့မှာ ဘုန်းကြီးလမ်းအထိသာရောက်ပြီး ဘုန်းကြီးလမ်းတွင် မြို့တွင်းဆက် မဝင်ဘဲ မော်တင်ဘက်သို့ ကွေ့သွားခဲ့ကြတဲ့ ယာဉ်ကြောများသာဖြစ်ပါတယ်။သို့ပါ၍ မြို့တွင်းသို့ သွားမည့် ခရီးသည် အများအပြားမှာ မော်တင်တွင် ကားပြောင်းစီးရသဖြင့် ရုံးတက် ရုံုးဆင်းချိန်များတွင် အဆင်မပြေမှုများ ရှိခဲ့တာပဲဖြစ်ပါတယ်။ 

ယခုထပ်မံတိုးချဲ့ပြေးဆွဲတဲ့ (၇၈) ယာဉ်လိုင်းသစ်က မဟာဗန္ဓုလလမ်းအတိုင်း ဆူးလေ၊ ဘူတာကြီးအထိ ပြေးဆွဲသဖြင့် မြို့တွင်းသို့ဝင်မည့် ခရီးသည် အများစုအတွက် ကားတစ်ဆင့်တည်းဖြင့် အဆင်ပြေသွားသလို ကားခမှာလည်း နှစ်ဆင့်စီးရသည်ထက် ပိုကုန်ကျခြင်းမရှိကြောင်း ခရီးသည်တစ်ဦးကပြောပါတယ်။YBS(၇၈) ယာဉ်လိုင်းသစ်ကို ပြေးဆွဲသည့် လူထုမိတ်ဆွေကုမ္ပဏီ၏ အသိပေး ချက်အရ (၇၈) ယာဉ်လိုင်းကို ကားသစ် အစီးရေ ၅ဝ ဖြင့် ပြေးဆွဲသွားမယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။