ဒီနေ့မှာတော့ လူတွေကိုတုန်လှုပ်သွားစေနိုင်မယ့် အဖြစ်ပျက်တစ်ခု လားရှိုးမြို့မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ လားရှိုးမြို့ လမ်းမတော်လမ်းတွင် ဖွင့်လှစ်ထားသည့် ရိုးမဘဏ် ၁ တွင် ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့တာဘဲဖြစ်ပါတယ်။

ယနေ့ 21-2-2018 ညနေ ၄း၃၀ အချိန်က ချိန်ကိုက်ဗုံး တစ်လုံး ပေါက်ကွဲမှုဖြစ်ပွား ဘဏ်ဝန်ထမ်းအချို့ သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်းသိရသည်။ သေဆုံးမှုစာရင်းနဲ့ ဒဏ်ရာရှိသူစာရင်းကိုတော့ အတိအကျထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

လုံခြုံရေးဝန်ထမ်းတွေ၊ CCTV တွေအများဆုံးတပ်ဆင်ထားတဲ့ နေရာတစ်ခုမှာ အခုလိုပေါက်ကွဲမှုဖြစ်ပွားတာဟာ တကယ်ကိုထိတ်လန့်ဖွယ်တစ်ခုမဟုတ်ပါလား။ အကြောင်းအရာတိကျမှုမရှိသေးပေမယ့် အပြစ်မယ့်ဘဏ်ဝန်ထမ်းတွေရဲ့ ဘဝကတော့တကယ်ကို သနားစရာအဖြစ်ဆိုးတစ်ခုပါဘဲ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။