အနုပညာလောကရဲ့ နောက်တက် အနုပညာရှင်တွေထဲမှာ ကောင်းမွန်တဲ့သရုပ်ဆောင်စွမ်းရည်တွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့ပြီး လူအများအားပေးချစ်ခင်မှုကို ရရှိထားကြသူတွေထဲမှာ မင်းသား အလင်းရောင် နဲ့ မင်းသမီး ပိုင်ဖြိုးသုတို့လည်း ပါဝင်ကြပါတယ်။ အလင်းရောင်ဟာ ဒါရိုက်တာဝိုင်းရိုက်ကူးတဲ့ ကားကြီးတွေမှာ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ခွင့်ရရှိနေသူဖြစ်ပြီး ပိုင်ဖြိုးသုဟာလည်း ထိပ်တန်းမင်းသားငါးလက်က ရွေးချယ်ထားတဲ့ အနုပညာပျိုးခင်းရဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူတို့နှစ်ဦးဟာ လမ်းပေါ်ကမြွေဟောက် ဆိုတဲ့ ဇာတ်ကားကို ပြင်ဦးလွင်မှာ ရိုက်ကူးနေကြတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားဟာ အက်ရှင်ဖက်ကိုသွားပြီး မင်းသားအလင်းရောင်ရဲ့ အတိုက်အခိုက်တွေကို ဒီဇာတ်ကားမှာ တွေ့မြင်မှာဖြစ်ပါတယ်။ ဒီနေ့ကတော့ အလင်းရောင်အတွက် Cobra ဇာတ်ကားရိုက်ကူးရေး နောက်ဆုံးရက်ဖြစ်ပြီး ရိုက်ကွင်းပေါ်မှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ သူ့ရဲ့ instagram ကတဆင့် သိရပါတယ်။

အတိုက်အခိုက်တွေပါတာမို့ ခြေထောက်မှာ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပြီး သူ့ရဲ့ IG မှာတော့ ဓာတ်ပုံလေးနဲ့အတူ "Cobra နောက်ဆုံးရက် နောက်ဆုံးပိတ် အိတ်နဲ့လွယ်" ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။ သူ့ရဲ့ ပရိသတ်တွေကတော့ သေချာဂရုစိုက်ဖို့ မှာနေကြတာကိုလည်း ချစ်စရာတွေ့မြင်ရပါတယ်။ ကဲ ပရိသတ်ကြီးရေ အလင်းရောင် နဲ့ ပိုင်ဖြိုးသုတို့ရဲ့ ဇာတ်ကားလေးထွက်လာရင် အားပေးကြမယ်မဟုတ်လားဝေ.....

Photo: Alinnyaung Light

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။